ရွှေတောင်မြို့နယ်၌၂၀၂၃- ၂၀၂၄ပညာသင်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌၂၀၂၃- ၂၀၂၄ပညာသင်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ




ရွှေတောင် ၊  သြဂုတ် ၇

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် အခြေခံပညာ နှင့် စက်မှု၊ စိုက်ပျိုး မွေးမြူရေးအထက်တန်းကျောင်း ရတနာခန်းမတွင် ယမန်နေ့နံနက် ( ၁၀း၀၀) နာရီက၂၀၂၃- ၂၀၂၄ပညာသင်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

    အခမ်းအနားတွင် အထက-ရွှေတောင် ကျောင်းသားလေးများက "မြန်မာ့ကျောင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ပြည်ခရိုင် ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးသိန်းအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊မြို့နယ် ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးဟံဝင်းအောင်က တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများအားဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားခဲ့သည်။

       ထို့နောက်  ၂၀၂၄ပညာသင်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရ ကျောင်းသား၊ကျောင်းသူ   (၆)  ဘာသာ (၁)ဦး၊ ( ၅)  ဘာသာ (၁)ဦး၊ ( ၄)  ဘာသာ ( ၃)ဦး၊ ( ၃)  ဘာသာ ( ၃)ဦး၊( ၂)  ဘာသာ  (၉)ဦး၊( ၁)  ဘာသာ (၁၉)ဦး၊စုစုပေါင်း ( ၃၆) ဦးနှင့် (၆)  ဘာသာဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာမများအား ဂုဏ်ပြုဆုငွေနှင့် ဆုတံဆိပ်များကို ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးသိန်း အောင်နှင့် ပြည်ခရိုင်ပညာရေးမှူး ဒေါ်စန်းစန်းဝင်း၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်

နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများကဆုများအသီးသီးဆုချီးမြှင့်ခဲ့ပြီး  (၆)  ဘာသာရှင် ဂုဏ်ထူးရှင် မောင်ရဲရင့်ဟိန်းမှ ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူ များ၏ ကိုယ်စား ကျေးဇူး တင်စကားပြန်လည်ပြောကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)