ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုချီးမြှင့်

 



ဘားအံ  ၊ ဩဂုတ်  ၁၃


ကရင်ပြည်နယ်ကိုယ်စားပြု ဗဟိုအဆင့်ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား ယမန်နေ့ မွန်းလွဲ ၁ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားတွင် ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ အခမ်းအနားကို ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီက ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် မူဝါဒများ ချမှတ်ဆောင်ရွက်နေသကဲ့သို့ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် လူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်ရေးကို အထူးအားပေးဆောင်ရွက်နေသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီအနေဖြင့် လူငယ်ရေးရာပြက္ခဒိန်ရေးဆွဲပြီး လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးရေးအတွက် လူငယ်စကားဝိုင်းများ၊ ဟောပြောပွဲများ၊ သင်တန်းများ၊ ရက်သတ္တပတ်လှုပ်ရှားမှုများ စသည့်လှုပ်ရှားမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်မောင်မယ်များအနေဖြင့်လည်း ဗလငါးတန်ဖွံ့ဖြိုးသည့် လူငယ်များဖြစ်အောင် ကြိုးစားကြပြီး ပြောင်းလဲနေသည့် နည်းပညာခေတ်ကြီးတွင် မြန်မာမှာသာမက ကမ္ဘာ့လူငယ်များကို ရင်ဘောင်တန်းနိုင်အောင် စဉ်ဆက်မပြတ် လေ့လာကြိုးစားကြစေလိုကြောင်း ပြောကြားသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကရင်ပြည်နယ်မှတစ်ဆင့် ဗဟိုအဆင့် ပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရ ထူးချွန်လူငယ်(၇၀)ဦးအား ဂုဏ်ပြုဆု (၂၁) ဆုကို ပေးအပ်ချီးမြှင့်ကြပြီး တက်ရောက်လာသော ဧည့်ပရိသတ်များနှင့်အတူ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်း အမှတ် လူငယ်ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်ချက်မှတ်တမ်း Video ကို အတူတကွ ကြည့်ရှုကြသည်။


ယင်းနောက် ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက လူငယ်ဂုဏ်ပြုတေးသီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ကရင်ယဉ်ကျေးမှုအဖွဲ့၊ မွန်ယဉ်ကျေးမှုအဖွဲ့၊ ပအိုဝ်းယဉ်ကျေးမှုအဖွဲ့၊ ရှမ်းယဉ်ကျေးမှုအဖွဲ့တို့မှ လူငယ်မောင်မယ်များက တိုင်းရင်းသားယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဖျော်ဖြေတင်ဆက်ပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ပြီး ယဉ်ကျေးမှုအဖွဲ့များ၊ ထူးချွန်လူငယ်များနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့၊ ဌာနဆိုင်ရာများ၊ ထူးချွန်လူငယ်များ၊ ယဉ်ကျေးမှုအဖွဲ့များ၊ တက်ရောက်လာသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများက ကရင်ပြည်နယ် လူငယ်ရေးရာကော်မတီမှ ခင်းကျင်းပြသထားသော ပြည်နယ်အတွင်း လူငယ်ရေးရာလှုပ်ရှားဆောင်ရွက်မှု  (၁၂ x ၁၈ လက်မအရွယ်) မှတ်တမ်းဓာတ်ပုံပေါင်း ၁၃၀ ကျော်ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရသည်။


စောမျိုးမင်းသိန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)