မှော်ဘီမြို့နယ်၌ အသံမစဲမဟာပဌာန်းကျမ်း မြတ်ရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ အသံမစဲမဟာပဌာန်းကျမ်း မြတ်ရွတ်ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကျင်းပ

 





မှော်ဘီ   ၊  ဩဂုတ်     ၃၀



ရန်ကုန်တိုင်းဒေသကြီးအတွင်းဘေးအန္တရာယ်ကင်းရှင်းစေရန်ရည်ရွယ်၍အသံမစဲမဟာပဌာန်းကျမ်း မြတ်ရွတ်ဖတ်ပူဇော်ပွဲကိုဩဂုတ်လ(၂၄)ရက်နေ့ မှစတင်၍ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊

မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးတွင် ရွတ်ဖတ်ပူဇော်လျက်ရှိပြီးဩဂုတ်လ(၂၉)ရက်နေ့၊ညနေပိုင်းကအသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ် ဖတ်ပူဇော်ပွဲပဌာန်းသိမ်းအောင်ပွဲအခမ်းအနားကိုအဆိုပါဗိမာန်တော်ကြီးတွင်ကျင်းပပြုလုပ်သည်။ 


ဦးစွာအခမ်းအနားကိုနမေတဿသုံးကြိမ်ရွတ်ဆို၍ဖွင့်လှစ်ခဲ့ကြပြီးမြို့နယ်သံဃနာယကအဖွဲ့အကျိုးတော်ဆောင်ဆရာတော်များနှင့်ဆရာတော်အရှင်သူမြတ်များကအနုမောဒနာဂါထာတော်နှင့်ချီးမွမ်း ထောပနာဂါထာတော်ကိုရွတ်ဖတ်ပူဇော်ဖတ်ကြားခဲ့ကြသည်။ 


ဆက်လက်၍ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီမြို့နယ် သံဃနာယကအဖွဲ့ဝင်၊အနောက်ကျောင်းကြီး ကျောင်းတိုက်   ဆရာတော် ထံမှ အခမ်းအနား သို့တက်ရောက်လာကြသည့်မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့(ခေတ္တ)ဥက္ဌဠဦးမျိုးဝင်း၊အဖွဲ့ဝင်(၁)ဗိုလ်မှူးပြည့်စုံကျော်၊အဖွဲ့ဝင်(၂)ဦးဝင်းစိုးနှင့်ဧည့်ပရိတ် သတ်အပေါင်းတို့ကငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးသံဃာတော်အရှင်သူမြတ်များအားလှူဖွယ် ဝတ္ထုပစ္စည်းများကိုဆက်ကပ်လှူဒါန်းခဲ့ပြီးလှူဖွယ် ဝတ္ထုအစုစုနှင့်လှူဒါန်းဒါနများအတွက်ရေစက်သွန်းချတရားတော်မြတ်ကိုနာယူခဲ့ကြပြီးကောင်းမှူကု သိုလ်အစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ 


အသံမစဲမဟာပဌာန်းကျမ်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကိုဩဂုတ်လ (၂၄)ရက်နေ့မှဩဂုတ်လ(၂၉)ရက်နေ့အထိမှော်ဘီမြို့နယ်၊မြို့နယ်လုံးဆိုင်ရာသာသနာ့ဗိမာန်တော်ကြီးတွင်ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း လည်းသိရသည်။


ဝင်းဇော်(မှော်ဘီ)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)