ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ကယားပြည်နယ်အစိုးရအဖွဲ့မှ ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်





လွိုင်ကော်၊ ဩဂုတ် ၂၆

ကယားပြည်နယ်အစိုးရအဖွဲ့မှ လွိုင်ကော်မြို့သို့ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသည့် ဌာနဆိုင်ရာဝန်ထမ်းများ နေထိုင်စားသောက်မှု အဆင်ပြေစေရေးအတွက် ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့က လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်မှ အဖွင့်အမှာစကားပြောကြားရာတွင် ယခုအခါ နယ်မြေတည်ငြိမ်အေးချမ်းမှုရရှိလာပြီဖြစ်သည့်အတွက် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ပြန်လည်ဆောင်ရွက်နေသည့် အချိန်ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် လုပ်ငန်းတာဝန်များ ပြန်လည်တာဝန်ထမ်းဆောင်ရာတွင် မိမိ၏လုပ်ငန်းတာဝန်များကို ကျေပွန်အောင်ဆောင်ရွက်ပြီး ဝန်ထမ်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ အားသွန်ခွန်စိုက ကြိုးပမ်းဆောင်ရွက်သွားရန် မှာကြားလိုကြောင်း၊ လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် ဌာနအချင်းချင်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများပိုမိုအောင်မြင်မည်ဖြစ်ပါကြောင်း၊ မြို့သန့်ရှင်းသာယာလှပရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည့် စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၏ ဆောင်ရွက်မှုများကြောင့် မြို့အတွင်းသာယာလှပမှုရှိလာပြီဖြစ်၍၊ စည်ပင်သာယာရေးဝန်ထမ်းများအနေဖြင့် ဂုဏ်ယူစွာဖြင့်မိမိလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြန်လည်ဝင်ရောက်လာကြသည့် ဝန်ထမ်းများနှင့်ပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေး၊ နေထိုင်စားသောက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ရေ၊ မီး ရရှိရေးတို့ကို အဆင်ပြေအောင် စီမံဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အခက်အခဲများရှိပါက ပွင့်ပွင့်လင်းလင်းတင်ပြရန် မှာကြားလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက ဝန်ထမ်းများလုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားခြင်း၊  ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူးက ဝန်ထမ်းများနိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေနှင့်အညီလုပ်ငန်းတာဝန်များ ထမ်းဆောင်နိုင်ရေးနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စများအား အသီးသီးရှင်းလင်းပြောကြားခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့သို့ ဇူလိုင်လနှင့်ဩဂုတ်လအတွင်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ရောက်ရှိလာသည့် ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများနှင့် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဆောက်ရွက်လျက်ရှိကြသည့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းစုစုပေါင်း(၃၈၀)ဦးအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့ရာ တက်ရောက်လာကြသည့် ဝန်ထမ်းများကိုယ်စား ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းကိုယ်စားလှယ်များက လက်ခံရယူခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြသည်။

အဆိုပါထောက်ပံ့ပေးအပ်ပွဲတွင် ကယားပြည်နယ်အစိုးရအဖွဲ့က ပြန်လည်တာဝန်ထမ်းဆောင်ရန်ရောက်ရှိလာသည့် နိုင်ငံ့ဝန်ထမ်းများနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများအတွက် စုစုပေါင်းထောက်ပံ့မှု တန်ဖိုးငွေကျပ် (၃၁,၄၆၅,၀၀၀) ဖြစ်ကြောင်း  သိရှိရသည်။


Join - https://t.me/MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)