အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

 



မိုင်းကိုင် ၊  ဩဂုတ် ၁၀


ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၂) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ  ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို  ယမန်နေ့ညနေ (၃) နာရီက  မြို့မအားကစားဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်  အ.လ.က-ခွဲ(မိုင်းခွန်)နှင့် အ.ထ.က-ခွဲ(မိုင်းကိုင်) တို့ကယှဉ်ပြိုင်ကစားကြရာ အ.လ.က-ခွဲ(မိုင်းခွန်)အသင်းက အ.ထ.က-ခွဲ(မိုင်းကိုင်) အသင်းကို (၄-၀)ဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ပြီး၊ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အ.ထ.က-ခွဲ(မိုင်းကိုင်)နှင့် အ.လ.က-ခွဲ(ကတ်ဖွီး) တို့ကယှဉ်ပြိုင်ကစားကြရာ  အ.ထ.က-ခွဲ(မိုင်းကိုင်)က အ.လ.က-ခွဲ(ကတ်ဖွီး)အား (Penalty Shootout) ပင်နယ်တီအဆုံးအဖြတ်(၃-၀)ဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့သည်။


ထို့နောက် ဆုပေးပွဲအခမ်းအနားကို  ဆက်လက်ကျင်းပရာ အမျိုးသမီးဘောလုံးပြိုင်ပွဲ  ပထမဆုရရှိသော အ.လ.က(မိုင်းခွန်) အသင်းနှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ပထမဆုရရှိသော အ-ထ-က-ခွဲ(မိုင်းကိုင်)အသင်းတို့ကို  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးအောင်စိုးဦးက တံခွန်စိုက်ဆုဖလားအားပေးအပ်ကာ၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယဆုရ အ-ထ-က-ခွဲ(မိုင်းကိုင်)နှင့် အမျိုးသားဘောလုံးပြိုင်ပွဲ ဒုတိယဆုရအ.လ.က-ခွဲ(ကတ်ဖွီး)တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များကလည်းကောင်း၊ ပွဲစဉ်တလျှောက် အကောင်းဆုံး အားကစားသမားဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ နောက်တန်း အကောင်းဆုံးဆု ၊ အကောင်းဆုံး ဂိုးသမားဆုများကို မြို့နယ်အားကစားမှူး  ဒေါ်ခင်သန်းစောနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက လည်းကောင်း တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို  ပေးအပ်ချီးမြှင့်ခဲ့သည်။


မိုင်းကိုင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ပညာရည်မြှင့်မားရေး၊ ကျန်းမာကြံ့ခိုင်ရေးအတွက် ရည်ရွယ်ကာ  အခြေခံပညာကျောင်းပေါင်းစုံ အမျိုးသား ၊ အမျိုးသမီး  ဘောလုံးပြိုင်ပွဲကို  ဩဂုတ်လ ၃ ရက်နေ့မှ ၈ ရက်နေ့အထိ  ဘောလုံးအသင်းပေါင်း ၁၂ သင်း၊ ပွဲစဉ်ပေါင်း   ၂၁ ပွဲ  ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။


ချော

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)