တာမွေမြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာမွေမြို့နယ်၌ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိ

 



တာမွေ     ၊   ဩဂုတ်    ၂


ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ကလေးသူငယ်များအား ရောဂါဘယ ကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်း အချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်တစ်နှစ်မှငါးနှစ်အထိ ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေးတစ်ကြိမ်မျှ မရရှိသေးသော ကလေး ငယ်များအား (Catch-up) နည်းလမ်းဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို တာမွေ မြို့နယ် မေတ္တာညွန့်ရပ်ကွက် ဒဂုံလွင်လမ်းနှင့် သမာဓိလမ်းထောင့်ရှိ မေတ္တာပုညကာရီဓမ္မာရုံ၌ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက်အတွင်းရှိ အသက်တစ်နှစ်မှငါးနှစ် အထိ ကလေးငယ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား (Catch-up) နည်းလမ်းဖြင့် ငါးမျိုးစပ်ကာကွယ်ဆေး၊ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေးနှင့် ပိုလီယိုရောဂါကာကွယ်ဆေးတို့ကို ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


“ ကျွန်မတို့ရဲ့ ရင်သွေးငယ်လေးတွေ ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းစွာ ကြီးထွားဖွံ့ဖြိုးလာစေဖို့ အတွက် သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ အခုလိုလိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေး တာဟာ မြို့နယ်အတွက် အရမ်းကောင်းမွန်တဲ့ အစီအစဉ်တစ်ခုလို့  ပြောချင်ပါတယ်။ ဒါ့အပြင် အခုလို ကွင်းဆင်းပြီး ဆောင်ရွက်ပေးတာကြောင့် မြို့နယ်ကျန်းမာရေးဌာနအထိ သွားရောက်စရာမလိုတော့တဲ့အတွက် သွားရေးလာရေး မှာလည်း များစွာအဆင်ပြေပါတယ် ” ဟု ကလေးမိဘတစ်ဦးကပြောသည်။


မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အသက်တစ်နှစ်မှငါးနှစ်အထိ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့် ဆေးတိုက်ကျွေးခြင်းလုပ်ငန်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိပြီး တာမွေမြို့နယ်တွင်လည်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၌ အပတ်စဉ် အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် နေ့စဉ် နံနက်(၉)နာရီမှ မွန်းတည့် (၁၂)နာရီအချိန်အထိ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိရာ ယခုအခါတွင် (Catch-up) နည်းလမ်းဖြင့် အသက်တစ်နှစ်မှငါးနှစ်အထိ ကလေးငယ်များအနက် ကာကွယ်ဆေးအကြိမ်ပြည့် မထိုးနှံရသေးသော ကလေးငယ်များနှင့် ကာကွယ်ဆေး တစ်ကြိမ်မျှမရရှိသေးသော ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံ/တိုက် ကျွေးခြင်းကို ရပ်ကွက်များအတွင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)