ပိုင်ကျုံမြို့နယ်တွင် တောင်ကျရေစီးဆင်းပြီး ရေကြီးနိမ့်မြုပ်မှုကြောင့် ပြိုကျပျက်စီးသည့်တံတားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပိုင်ကျုံမြို့နယ်တွင် တောင်ကျရေစီးဆင်းပြီး ရေကြီးနိမ့်မြုပ်မှုကြောင့် ပြိုကျပျက်စီးသည့်တံတားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ကွင်းဆင်းစစ်ဆေး

 

26

25


ပိုင်ကျုံ  ၊ သြဂုတ် ၂


ဇူလိုင်လ ၂၄ ရက်နေ့မှစတင်၍ မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးခဲ့သော ပိုင်ကျုံမြို့နယ်အတွင်းရှိ တံတားများအား ယမန်နေ့တွင် လှိုင်းဘွဲမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများတို့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် ပိုင်ကျုံမြို့ရှိ ဌာနဆိုင်ရာများတို့နှင့်တွေ့ဆုံကာ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရာတွင် ဆောင်ရွက်သင့်အချက်များနှင့် ထူးခြားဖြစ်စဉ်များကို အချိန်တပြေးညီတင်ပြရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဌာနဆိုင်ရာများအနေဖြင့် ဝိုင်းဝန်းကူညီဆောင်ရွက်ရန် မှာကြားပြီး တောင်ကျချောင်းရေစီးဆင်းပြီး အောက်ခြေကို ရေတိုက်စားမှုကြောင့် (၁)ပေခွဲခန့်ကျွံကျခဲ့သည့် အမှတ်(၅)ရပ်ကွက်နှင့် မဲပရကျေးရွာအုပ်စု တနင်းသရော ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား သွားရောက်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုချက်များကို လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် ရေကြီးနိမ့်မြုပ်ပြီး ရေတိုက်စားမှုကြောင့် ပြိုကျပျက်စီးသည့် ကြက်တူရွေးကျေးရွာအုပ်စု ထီလုံ-တာပေါင်-ပတ-နဘူး-ကော့ကရိတ်(တံတားကျိုး)လမ်းပေါ်ရှိ သံကူကွန်ကရစ်တံတား(၂)စင်း၏ ပြန်လည်တည်ဆောက်နေမှုအခြေအနေကို သွားရောက်စစ်ဆေးပြီး တည်ဆောက်ရေးတာဝန်ခံနှင့်တွေ့ဆုံကာ လိုအပ်ချက်က်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။


တံတားပြိုကျပျက်စီးမှုကြောင့် ပြည်သူများ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုမရှိစေရေးအတွက် ရွာတွင်းလမ်းလွှဲမှ သွားလာနိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိပြီး ယာယီဘေလီသံဘောင်တံတားဆောက်လုပ်ခြင်းလုပ်ငန်းကို ဇူလိုင်လ ၃၀ ရက်နေ့မှ စတင်ကာ လမ်းအထူး(၂၂)အဖွဲ့မှ  လုပ်ငန်းအကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


နော်ခူး

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages