သမိုင်းကြောင်းတူသော်လည်း စိတ်ထားမတူတဲ့ ပုဂ္ဂိုလ်နှစ်ဦး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းကြောင်းတူသော်လည်း စိတ်ထားမတူတဲ့ ပုဂ္ဂိုလ်နှစ်ဦး


အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းကြောင့် ဝန်ကြီးချုပ် ရာထူးကနေ ရုတ်တရက် နုတ်ထွက်ပြီး အိန္ဒိယနိုင်ငံကို ထွက်ပြေးသွားခဲ့ရတဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီနာဆိုတာ ဘယ်သူလဲဆိုတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ လွတ်လပ်ရေးဖခင် လည်းဖြစ်သလို ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးသမ္မတအဖြစ်လည်း အုပ်ချုပ်ခဲ့တဲ့ ရှိတ်မူဂျီဘာရာမန်ရဲ့ သမီးဖြစ်ပါတယ်။ ရှိတ်မူဂျီဘာရာမန် ဟာ ၁၉၇၁ ခုနှစ်မှာ ပါကစ္စတန်မှ လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းခဲ့တဲ့ ခေါင်းဆောင်ဖြစ်ပြီး ၁၉၇၂ ခုနှစ် မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ဝန်ကြီးချုပ်ဖြစ်လာခဲ့ကာ ၁၉၇၅ ခုနှစ် ဇန်နဝါရီလမှာ ပါလီမန်အစိုးရစနစ်မှ သမ္မတအစိုးရစနစ်သို့ ပြောင်းလဲဖွဲ့စည်းခဲ့တဲ့အချိန်မှာ ဘင်္ဂလား ဒေ့ရှ်နိုင်ငံရဲ့ ပထမဆုံးသမ္မတ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ သို့သော် ကံအကြောင်း မလှစွာနဲ့ပဲ ၁၉၇၅ ခုနှစ် သြဂုတ်လ အရောက်မှာတော့ ဘင်္ဂလားဒေ့ရှ်တပ်မတော် အရာရှိတစ်စုက ရှိတ်မူဂျီဘာရာမန်ကို လုပ်ကြံပြီး နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ ပါတယ်။ ဖခင်ဖြစ်သူ အပါအဝင် မိသားစုဝင်အများအပြား လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး ရှိတ်ဟာဆီနာကတော့ ဂျာမနီနိုင်ငံမှာ ရောက်ရှိနေတဲ့အတွက် အသက်ဘေးကနေ လွတ်မြောက်ခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အခြေအနေ တည်ငြိမ်လာလို့ ရှိတ်ဟာဆီနာဟာ နိုင်ငံကို ပြန်လာတဲ့အခါ လွတ်လပ်ရေးခေါင်းဆောင်ရဲ့ သမီးဖြစ်တဲ့အတွက် လူထုရဲ့ထောက်ခံမှု များ ရရှိလာခဲ့ပြီး  ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ သက်တမ်းအရှည်ကြာဆုံး ဝန်ကြီးချုပ်ဖြစ်လာ ခဲ့ကာ (၄) ကြိမ်ဆက်တိုက် ဝန်ကြီးချုပ်တာဝန်ကို ထမ်းဆောင်ခဲ့တဲ့ သူတစ်ယောက် ဖြစ်ပါတယ်။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်မှာ ဘင်္ဂလားဒေ့ရှ်တပ်မတော်ကို အင်အား တောင့်တင်းခိုင်မာအောင်၊ ဘက်ဂျက်တွေတိုးပေးတာတွေ ချီးမြှင့်မြှောက်စားတာတွေ လုပ်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါပေမဲ့လည်း အခုလက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းမှာ ဖြစ်ပေါ်နေတဲ့ ကျောင်းသားလူငယ်များရဲ့ အလုပ်အကိုင် အခွင့်အလမ်း ခွဲတမ်းနဲ့ ပတ်သက်တဲ့ ဆူပူအုံကြွမှုကြီးကြောင့် ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ မွန်းလွဲပိုင်းမှာပဲ ရာထူးကနေ ရုတ်တရက် နုတ်ထွက်ခဲ့ရပါတယ်။ 

ရှိတ်ဟာဆီနာရဲ့ ဖခင်ဟာ နိုင်ငံရဲ့လွတ်လပ်ရေး ဖခင်တစ်ဦးလည်းဖြစ်သလို ရှိတ်ဟာဆီနာ ကိုယ်တိုင်ကလည်း နိုင်ငံအတွက်၊ တပ်မတော်အတွက်များစွာ အနစ်နာခံ အကျိုးပြုခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဘင်္ဂလားဒေ့ရှ်စစ်တပ်က သူ့ရဲ့ မိသားစုဝင်တွေကို သတ်ဖြတ်ခဲ့တဲ့ သမိုင်းကြောင်းတွေရှိခဲ့သလို ယခုလို ဆူပူအုံကြွမှုတွေ ဖြစ်ပေါ်လာချိန်မှာလည်း ရှိတ်ဟာဆီနာဘက်မှာ မရပ်တည်ခဲ့တာကိုလည်း တွေ့ရပါ တယ်။ သူဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း သူ့အပေါ် ရက်စက်ခဲ့တဲ့ စစ်တပ်ကို အမုန်းတရားတွေမထားဘဲ ပြည်သူကို မျက်နှာမူခဲ့တဲ့အပြင် အခုလို ရာထူးက ရုတ်တရက်နုတ်ထွက်ပြီး ထွက်ပြေးခဲ့ရတဲ့အချိန်မှာလည်း ဘင်္ဂလားဒေ့ရှ် တပ်မတော်အပေါ် လက်ရှိအချိန်ထိ အမုန်းစကား တစ်ခွန်းတောင် မပြောခဲ့တာကိုလည်း တွေ့ရပါတယ်။

ရှိတ်ဟာစီနာလိုပဲ မြန်မာနိုင်ငံမှာလည်း သမိုင်းကြောင်းတူတဲ့ လူတစ်ယောက် ရှိပါတယ်။ တခြားသူတော့ မဟုတ်ပါဘူး မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် စွမ်းဆောင်ပေးခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်စုပါပဲ။ ဒါပေမဲ့ လွတ်လပ်ရေးဖခင်ကြီးတွေရဲ့သမီး ဖြစ်တာချင်းသာ တူကြတာ မိမိနိုင်ငံရဲ့ တပ်မတော်အပေါ်ထားတဲ့ သူတို့နှစ်ယောက်ရဲ့ စိတ်ဓာတ်တွေကတော့ ကွာခြားလွန်း ပါတယ်။ 

ဒေါ်စုတစ်ယောက်လည်း ရှိတ်ဟာဆီနာလို ၁၉၈၈ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်ရောက်လာခဲ့ပါတယ်။ သူပြန်ရောက်လာတဲ့ အချိန်ကစပြီး သူရဲ့အဖေ တည်ထောင် ခဲ့တဲ့ တပ်မတော်ကြီးကို နည်းလမ်းပေါင်းစုံနဲ့ တစိုက်မတ်မတ် ထိုးနှက်တိုက်ခိုက် တာတွေလုပ်လာပါတယ်။ တပ်မတော်အပေါ်ကို ပြည်သူလူထုမုန်းတီးအောင်၊ ယုံကြည် မှုတွေ ပျက်ပြားလာအောင်လှုံ့ဆော်ပြီး အဆိုးဆုံးဖြစ်တဲ့ ၁၉၈၈ အရေးအခင်းကို ဖန်တီးကာ ပြည်သူလူထုကို လမ်းပေါ်ဆွဲတင်ပြီး တပ်မတော်နဲ့ပြည်သူအကြား ရန်တိုက်ပေးခဲ့တာပါပဲ။ အဲဒီနောက်မှာလည်း နိုင်ငံရေးဟောပြောပွဲတွေကို ခပ်စိတ်စိတ် ပြုလုပ်ခဲ့ပြီး တပ်မတော်အပေါ် ပြည်သူတွေ အထင်အမြင်လွဲမှားနိုင်စေတဲ့ အကြောင်း အရာတွေကိုသာ ဦးတည်ဟောပြောခဲ့တာကိုလည်း တွေ့ရမှာပါ။ ဒါတင်မကသေးဘဲ မြန်မာနိုင်ငံကို အကျပ်အတည်းဖြစ်အောင် စီးပွားရေးပိတ်ဆို့မှုတွေပြုလုပ်ဖို့ နိုင်ငံတကာကို တောင်းဆိုပြီး တိုင်းပြည်ကိုဆုတ်ယုတ်လာအောင် ပြုလုပ်ခဲ့ပါသေးတယ်။

၂၀၁၅ ခုနှစ် ဒေါ်စု ဦးဆောင်တဲ့ NLD ပါတီ အာဏာရလာတဲ့ အချိန်မှာလည်း နိုင်ငံရဲ့တပ်မတော်ကို အင်အားကြီးမားအောင် လုပ်ဆောင်ပေးရမယ့်အစား တပ်မတော်ရဲ့ အင်အားကိုချိနဲ့အောင်သာ ပုံစံအမျိုးမျိုး၊ နည်းလမ်းမျိုးစုံနဲ့ လုပ်ဆောင် ခဲ့တာပဲ ဖြစ်ပါတယ်။ အထင်ရှားဆုံးအနေနဲ့ ၂၀၁၇ ခုနှစ်က ဖြစ်ခဲ့တဲ့ ဘင်္ဂါလီအရေး ကိစ္စနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် တရားစွဲဆိုချက်များကို ၂၀၁၉ ခုနှစ်တွင် နယ်သာလန်နိုင်ငံ၊ သည်ဟိတ်မြို့က ICJ တရားရုံးမှာ ဒေါ်စုအနေနဲ့ သွားရောက်ဖြေရှင်းရာမှာလည်း သူထင်ပေါ်ကျော်ကြားဖို့အတွက် တပ်မတော်ကိုထိုးကျွေး ခဲ့တာတွေလည်း အားလုံးအသိပဲဖြစ်ပါတယ်။ မတရားစွပ်စွဲခံနေရတဲ့ကိစ္စကို ဖြေရှင်းရမယ့် အစား တပ်မတော်အပေါ် မလိုမုန်းတီးစိတ်တွေနဲ့ ထိုးနှက်ဖို့ရယ်၊ နောက်တစ်ချက်က ၂၀၂၀ မှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် သူ့ကိုယ်သူထင်ပေါ်ချင်တဲ့ စိတ်တွေရယ် ကြောင့်သာ ICJ ကို သူတက်ရောက်ခဲ့တယ်ဆိုတာ သူ့အပြုအမူနဲ့ အပြောအဆိုတွေက သက်သေအဖြစ်ရှိနေပါတယ်။ 

အဲဒီလိုမျိုး တပ်မတော်အပေါ်ကို အမုန်းတရားတွေနဲ့ အမျိုးမျိုးထိုးနှက်တိုက်ခိုက် ခဲ့ပေမဲ့ တပ်မတော်ကတော့ သူ့အပေါ်ကို ဘယ်လိုအမုန်းတရားမှ မထားခဲ့ပါဘူး။ ၂၀၂၀ ပြည့်နှစ်မှာတော့ ရွေးကောက်ပွဲအတွက် မဲမသမာမှုတွေ ပြုလုပ်ပြီး တိုင်းပြည်အာဏာကို အတင်းအဓမ္မရယူဖို့ ကြိုးစားခဲ့တဲ့အတွက် တပ်မတော်အနေနဲ့ မတတ်သာတဲ့အဆုံး ဒေါ်စုကို ထိန်းသိမ်းလိုက်ရတာပဲ ဖြစ်ပါတယ်။ မတတ်သာလို့ ထိန်းသိမ်းလိုက်ရတာ ဖြစ်ပေမဲ့ ဘာအခက်အခဲ ဒုက္ခမှမခံစားစေဘဲ လုံခြုံတဲ့နေရာမှာ သေသေချာချာနဲ့ ကောင်းမွန်စွာ စောင့်ရှောက်ထားခဲ့ပါတယ်။

ဒီပုဂ္ဂိုလ်နှစ်ဦးကို ယှဉ်ကြည့်ရင် ရှိတ်ဟာဆီနာဟာ တပ်မတော်အတွက် ကောင်းတာတွေလုပ်ပေးခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဘင်္ဂလားဒေ့ရှ်တပ်မတော်ရဲ့ ရက်ရက်စက်စက် ပြုမူတာကိုခံခဲ့ရပြီး နိုင်ငံကနေ ထွက်ပြေးသွားရတဲ့အထိ ဖြစ်ခဲ့ရ ပါတယ်။ တခြားတစ်ဖက်ကို ကြည့်မယ်ဆိုရင် တပ်မတော်အပေါ်ကို အမျိုးမျိုး ထိုးနှက် တိုက်ခိုက်ခဲ့တဲ့ ဒေါ်စုကိုတော့ မြန်မာ့တပ်မတော်က ကောင်းကောင်းမွန်မွန်နဲ့ စောင့်ရှောက်ပေးထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံကိုလွတ်လပ် ရေးရအောင် စွမ်းဆောင်ပေးခဲ့တဲ့ လွတ်လပ်ရေးဖခင်ကြီးတွေရဲ့ သမီးဖြစ်တာချင်း အတူတူ တစ်ယောက်ကတော့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို ချစ်မြတ်နိုးပြီး နောက်တစ်ယောက်ကတော့ ဖခင်တည်ထောင်ခဲ့တဲ့ တပ်မတော်ကို အင်အားချိနဲ့အောင် ပြုလုပ်ရုံသာမက ဖခင်နာမည်ကိုအသုံးချပြီး သူမ၏နာမည်တစ်ခုကို တည်ဆောက်ခဲ့တဲ့ သူဆိုတာတွေ့မြင်ကြရမှာပါ။  


ကျော်ထွန်း

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)