မှော်ဘီမြို့နယ်အခြေခံပညာကျောင်းများတွင်ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်အခြေခံပညာကျောင်းများတွင်ကျောင်းကျန်းမာရေးစစ်ဆေးခြင်းများဆောင်ရွက်

 





မှော်ဘီ၊ ​ဩဂုတ်  ၁၆


ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီ မြို့နယ်တွင်ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့်ကျန်းမာရေးပညာပေးခြင်းတို့ကို ယနေ့နံနက်၉နာရီက မှော်ဘီ​မြို့နယ်မြောင်းတကာအခြေခံပညာအထက်တန်းကျောင်းအတွင်းကွင်းဆင်းဆောင်ရွက်ခဲ့သည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင်ကျောင်းသား/ကျောင်းသူများအားဝမ်းပျက်ဝမ်းလျှော ကာကွယ်ရေး အသိပညာပေးခြင်း၊ကျောင်းသား/ကျောင်းသူအယောက်(၇၈၀)ဦးအားသွားများစစ်ဆေးပေးခြင်း၊Ncd Clinicအာဟာရဆေးဝါးများပေးဝေခြင်းနှင့်ဒုတိယအကြိမ်Abateဆေးများခပ်ခြင်းလုပ်ငန်းများဆောင်ရွက်ခဲ့သည်။


ဆောင်ရွက်ရာတွင်မှော်ဘီမြို့နယ်ကျန်းမာရေးဉီးစီးဌာနမှူးဒေါက်တာစောမြထွန်းဦးစီး၍​မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသွားဆရာဝန်(၁)ဦးနှင့်ကျန်းမာရေးဝန်ထမ်း(၄)ဦး၊​မြောင်းတကာကျန်းမာရေးမှူးနှင့်ကျန်းမာရေးဝန်ထမ်း(၄)ဦး၊ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များမှကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)