မိုင်းခတ် ၊ ဩဂုတ် ၂
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်းလမ်း မိုင်တိုင်အမှတ် 74KMနှင့် 75KMအကြားတွင် ယမန်နေ့ညနေ (၃) နာရီခွဲအချိန်က နမ့်လွေချောင်းရေကျော်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် နမ့်လွေချောင်းရေမှ ကျိုင်းတုံ - မိုင်းခတ် - မိုင်းယန်းလမ်း မိုင်တိုင်အမှတ် 74KMနှင့် 75KMအကြား လမ်းအရှည်ပေ (၁၅၀) ခန့်ရှိ လမ်းမပေါ်သို့ ရေ (၁) ပေခွဲခန့်နှင့် 74.5KMနှင့် 75KMအကြား လမ်းအရှည်ပေ (၃၀၀) ခန့်ရှိ လမ်းမပေါ်သို့ ရေ (၃) ပေခန့် မြင့်တက်လာရာ ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာခွင့်ပြုခဲ့သည်။
အဆိုပါလမ်းမပေါ်သို့ ချောင်းရေတက်မှုအခြေအနေအား စစ်ဗျူဟာအဖွဲ့ (အခြေချ) မိုင်းခတ်စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇော်အေးထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်စိုး၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ) ဒေါ်နန်းဖောင်းဖူးနှင့် တာဝန်ရှိသူများက လတ်တလောအခြေအနေတွင် ယာဉ်သွားယာဉ်လာများ အန္တရာယ်ကင်းရှင်းစေရန် လမ်းကြောင်းပြအလံများ စိုက်ထူပြီး ယာဉ်ကြီးများသာ ဖြတ်သန်းသွားလာနိုင်၍ ယာဉ်ငယ်များ ဖြတ်သန်းသွားလာမှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment