မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကျင်းပ





မင်းဘူး  ၊  ဩဂုတ် ၇


မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ယမန့်နေ့ နံနက် (၁၀) နာရီက ကျင်းပပြုလုပ်သည်။


ဦးစွာ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်နှင့်ပတ်သက်၍ နိုင်ငံတော်မှ နိုင်ငံတစ်ဝန်း စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိပါသည်။ ထို့ကြောင့် မိမိတို့ဘက်ကလည်း စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဖြစ်မြောက် အောင်မြင်နိုင်ရေးနှင့် စာကြည့်တိုက်များအပါအဝင် ကိုယ့်အားကိုယ်ကိုး စာကြည့်တိုက်များပါ ဖွံ့ဖြိုးတိုးတက်ရှင်သန်ရေးအတွက် ပညာရေးဌာနလက်အောက်ရှိ ဆရာ၊ ဆရာမများအပါအဝင် စာရေးဆရာများ၊ စာပေချစ်မြတ်နိုးသူများနှင့်ပူးပေါင်း၍ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။


ထို့နောက် မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ဝါဝါလှိုင်က မင်းဘူးမြို့ အ.ထ.က (၁) တွင် ကျင်းပမည့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်၏ အစီအစဉ်များကို ပြောကြားကာ အခမ်းအနားသို့ တက်ရောက်လာကြသော မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများက ပွဲတော်ကျင်းပမည့် လုပ်ငန်းများ၏ သဘောသဘာဝနှင့် လုပ်ငန်းတာဝန်များအကြောင်းကို  အပြန်အလှန် တိုင်ပင်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ဇေယျာထက်(မင်းဘူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)