ဝေါမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝေါမြို့နယ်အတွင်း ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေး တောင်သူများနှင့် တွေ့ဆုံဆွေးနွေး



ဝေါ၊ ဩဂုတ် ၁၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်း စစ်တောင်းမြစ်ရေမြင့်တက်ခဲ့မှုကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် ရပ်ကွက်၊ ကျေးရွာများရှိ လယ်ယာမြေများသည် ယခုအခါတွင် စစ်တောင်းမြစ်ရေပြန်လည်ကျဆင်းသွားပြီဖြစ်သောကြောင့် ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေများ ပြန်လည်အစားထိုးစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီက ယနေ့နံနက်ပိုင်းတွင် ကံမြင့်ကျေးရွာရှိ လယ်ယာမြေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုများ ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမင်းကိုကိုနှင့် မြို့နယ်စိုက်ပျိုးရေး၊ မွေးမြူရေးကြီးကြပ်မှုကော်မတီဝင်များက ရေကြီးနစ်မြုပ်ခဲ့သည့် လယ်ယာမြေမှ တောင်သူများနှင့်တွေ့ဆုံကာ ပျက်စီးမှုအခြေအနေများ၊ မျိုးစပါးလိုအပ်မှုရှိ၊ မရှိနှင့် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး တွေ့ဆုံဆွေးနွေးမှုများပြုလုပ်ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနက လယ်ယာမြေများထွန်ယက်ရေးလုပ်ငန်းများ ဆောင်ရွက်လိုပါက ဆက်သွယ်နိုင်သည့် ဆိုင်းဘုတ်များ စိုက်ထူပေးခဲ့ကြောင်း သိရသည်။


စိုးမိုး

#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)