ရွှေတောင်မြို့နယ် အခြေခံပညာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ် အခြေခံပညာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ

 



ရွှေတောင် ၊ သြဂုတ် -၁၀

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊  ( အမက) ကသစ်တိုင်းကျောင်း နှင့် အမက တောင်လုံးညို ကျောင်းတို့တွင် ယမန်နေ့ က ပြန်ကြားရေး  နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုဌာန၊စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး  နယ်လှည့်       စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပခဲ့သည်။

     အခမ်းအနားတွင် အမက ကသစ်တိုင်းကျောင်းအုပ်ဆရာမကြီး ဒေါ်လဲ့လဲ့ခိုင်ဝင်း နှင့် အမက တောင်လုံးညိုကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သဲစုမောင်တို့က အဖွင့်အမှာစကား ပြောကြားပြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်ကကျောင်းသား/ ကျောင်းသူများအားဗလငါးတန်နှင့် ပြည့်စုံသော လူငယ်များ ဖြစ်စေရန်နှင့်လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊  လူကုန်ကူးမှုတားဆီးရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး အသိပညာပေးနှင့်  ကလေးအလုပ်သမားပပျောက်ရေးအသိပညာများအကြောင်း ရှင်းလင်းဟောပြောခဲ့ပြီးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး       ဒေါ်နီလာမြင့် က တိုင်းရင်းဆေးဝါးများ၏အကျိုးသက်ရောက်မှုနှင့်  ဆောင်ရန်၊ ရှောင်ရန် အချက်များ၊

မိုးရာသီတွင် ဖြစ်ပွားတတ်သော သွေးလွန်တုတ်ကွေးရောဂါအကြောင်းနှင့် နဂါး မောက်သီးနှင့် မာလကာသီးစားသုံးခြင်း၏ အကျိုး ကျေးဇူးများကို  ရှင်းလင်းပြောကြားပြီးစားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ယဥ်ယဥ်ဆင့် နှင့် ဒေါ်ဇင်မာချောစုကြည်တို့က ဆိုးဆေးများအကြောင်း၊ စားသုံးသူနှင့်ပတ်သက်သော ကုန်အညွှန်းအမှတ်အသား (၈)ချက်နှင့် ဆောင်ရန်ရှောင်ရန် အသိပညာပေးသိကောင်းစရာအကြောင်း၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ ကျောင်းသူများအား ကိုယ်လက်လှုပ်ရှား  Icebreaking ပြုလုပ်ပေးပြီး ဒေါ်ရွှေဝတ်ရည်တိုး က "တိရစ္ဆာန်ဥယျာဥ်သို့အလည်သွားခြင်း"စက္ကူပြဇာတ်နှင့် "မောင်ကြွက်က‌ လေးကြီးလာရင်ဘာလုပ်မလဲ" ရုပ်ပုံပါစာအုပ်များဖြင့် ပုံပြင်များ အသီးသီးပြောပြခဲ့သည်။

      ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့် ရွေ့လျားစာကြည့်တိုက်အဖြစ် ယူဆောင်လာသော  စာအုပ်စာစောင်များကို

ကျောင်းသား၊ ကျောင်းသူလေးများကဖတ်ရှုကြပြီး လူကုန်ကူးမှုတိုက်ဖျက်ရေးအသိပညာပေး နံရံကပ် စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး  နံရံကပ်စာစောင်၊ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များပြသရာ ကျောင်းသား၊ကျောင်းသူ များမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)