ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ရှိ ရေဘေးရှောင်စခန်းအား သွားရောက်ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့ရှိ ရေဘေးရှောင်စခန်းအား သွားရောက်ကြည့်ရှုအားပေး



ပုသိမ်၊ ဩဂုတ် ၂

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ယမန်နေ့ နေ့လယ်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ လိုက်ပါလျက် ပုသိမ်ခရိုင်၊ ပုသိမ်မြို့ရှိ ရေဘေးရှောင်စခန်းအား သွားရောက်ကြည့်ရှု အားပေးခဲ့သည်။

 ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပုသိမ်မြို့၊ အမှတ်(၁၂)ရပ်ကွက်၊ လေးကျွန်းရန် အောင်ဖောင်တော်ဦးစေတီအတွင်းရှိ ရေကြည်ဦးဓမ္မာရုံတွင် ငဝန်မြစ်ရေ မြင့်တက်မှုကြောင့် ယာယီရေဘေးရှောင် အိမ်ထောင်စု(၄၅)စု၊ လူဦးရေ(၁၇၁)ဦးတို့အား တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး  ယာယီရေဘေးရှောင် ပြည်သူများအနေဖြင့်  ဝမ်းလျှောဝမ်းပျက်ရောဂါ၊ သွေးလွန်တုတ်ကွေးရောဂါများ မဖြစ်ပွားစေရေး အထူးဂရုပြု နေထိုင်ကြရန်၊ ပတ်ဝန်းကျင် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် နေထိုင်ရေး၊ စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားခဲ့ကာ ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး စေတနာရှင် အလှူရှင်များမှ  လှူဒါန်းသည့် ညနေစာ ထမင်းနှင့် ဟင်းလျာများ ပေးဝေနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)