ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်




ကော့သောင်း ၊  ဩဂုတ် ၁၃


ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်‌ရေး ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကော့သောင်းခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘုရင့်နောင်အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက် (၁၀)နာရီခန့်က ပြုလုပ်ခဲ့ရာ ကော့သောင်းခရိုင်‌ ဘောလုံးအားကစားပြိုင်ပွဲ ကျင်းပရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေး‌မှူး ဦးစိုးအောင်က "ရပ်ကွက်/ကျေးရွာ‌ပေါင်းစုံ မိုးရာသီအမျိုးသားဘောလုံးအားကစားပြိုင်ပွဲကို အားကစားစိတ်ဓာတ်ရှင်သန်လာကြစေရန်၊ ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှုဘဝ ဖြစ်လာစေရန်နှင့် နိုင်ငံအတွက် အလေးထားရသော အားကစားသမားကောင်းများ ဖြစ်လာစေရန်တို့ကို ရည်ရွယ်၍ အားကစားကဏ္ဍ မြှင့်တင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာမှ တာဝန်ရှိသူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် "အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်း‌နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး မြတ်မင်းထွေးက ပြိုင်ပွဲကာလအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ချိုက ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ကျင်းပဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား ဆွေးနွေးပြောကြားခဲ့သည်။ ယင်းနောက် ကော့သောင်းမြို့နယ် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမင်းလွင်က ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီအလွတ်တန်းဘောလုံးပြိုင်ပွဲ အထွေထွေစည်းမျဉ်း/စည်းကမ်းများအား ချပြဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသော ကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းဆပ်ကော်မတီအဖွဲ့ဝင်များ သက်ဆိုင်ရာ လုပ်ငန်းအသီးသီးအား တင်ပြဆွေးနွေးခဲ့ကြသည်။


အဆိုပါ ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ မိုးရာသီ အမျိုးသားအလွတ်တန်း‌‌ ဘောလုံးပြိုင်ပွဲကို ရန်ကြီးအောင်‌ ဘောလုံးအားကစားကွင်းတွင် ဩဂုတ်လ (၂၃) ရက်နေ့၌ ဖွင့်ပွဲအခမ်းအနားပြုလုပ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)