ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား ကျင်းပ


နေပြည်တော်၊ ဩဂုတ် ၃၁

ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ယမန်နေ့က နေပြည်တော်ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါ အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်‌ ဒေါက်တာသီတာဦးက ဥပဒေရေးရာဝန်ကြီးဌာနနှင့် ဥပဒေရုံးအဆင့်ဆင့်ရှိ အရာထမ်း၊ အမှုထမ်းများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါ‌စေ၊ ကောင်းကျိုးလိုအပ်ဆန္ဒများပြည့်ဝကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းပေးလိုကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာန၏ (၃)နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို ဝန်ကြီးဌာနရှိ အရာထမ်း၊ အမှုထမ်းများနှင့်အတူ ကျင်းပရသဖြင့် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ယနေ့ကျရောက်သည့် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ ဝန်ကြီးဌာနနှင့်အတူ တိုင်းဒေသကြီး/ ပြည်နယ်ဥပဒေချုပ်ရုံးများတွင်လည်း တစ်ပြိုင်တည်းကျင်းပကြမည်ဖြစ်သဖြင့် လွန်စွာဝမ်းမြောက်မိပါကြောင်း၊ ဝန်ကြီးဌာနရှိ ဌာနအသီးသီးနှင့် အဆင့်အဆင့်သော ဥပဒေရုံးများမှ ဥပဒေအရာရှိများ၊ အရာထမ်း၊ အမှုထမ်းများမှ မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်ကြသဖြင့် လုပ်ငန်းများ အောင်မြင်စွာပြီးမြောက်လျက်ရှိပြီး အမြဲဂုဏ်ယူရပါကြောင်း၊ ဥပ‌ဒေအရာရှိများ၊ ဝန်ထမ်းများအနေဖြင့် မိမိတို့ဝန်ကြီးဌာန၏ ရည်မှန်းချက်၊ မျှော်မှန်းချက်များကို အကောင်အထည်ဖော်ဆောင်ရွက်ကြရာတွင် တာဝန်သိစိတ်အပြည့်ဖြင့် တစ်စိတ်တစ်ဝမ်းတည်း စုပေါင်း၍ ဆောင်ရွက်သွားကြရန်နှင့် ဝန်ကြီးဌာန၏ ဆောင်ပုဒ်နှင့်အညီ ပြောဆိုကျင့်ကြံနေထိုင်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်းနှင့် နောင်နှစ်များတွင်လည်း ယခုနှစ်ထက် ပိုမိုကောင်းမွန်စွာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ဥပဒေရေးရာဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ် ဥပဒေချုပ်ရုံးအဆင့်ဆင့်၏ သုံးနှစ်တာလှုပ်ရှားဆောင်ရွက်မှု Video မှတ်တမ်းများကို ကြည့်ရှုကြပြီး ဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ အကအလှတို့ဖြင့် ကပြဖျော်ဖြေကြသည်။ ယင်းနောက် ဥပဒေရေးရာဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေကြသည့် အရာထမ်း၊ အမှုထမ်း ၅၅၀ အတွက် ဦးစီးဌာနများအလိုက် ဗလာမပါကံစမ်းမဲများ၊ အထူးမဲများပြုလုပ်၍ လက်ဆောင်ပစ္စည်းများပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ်အပါအဝင် ရုံးအကြီးအမှူးများက အရာထမ်း၊ အမှုထမ်းများ အားလုံးနှင့်အတူ နေ့လယ်စာ သုံးဆောင်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)