ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် မွန်ပြည်နယ်မှ စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် မွန်ပြည်နယ်မှ စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်း




မော်လမြိုင်၊ ဩဂုတ်   ၈

နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်ပြည်သူများနှင့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများက  စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဩဂုတ်လ ၆ ရက်နေ့တွင် ဌာနဆိုင်ရာ ဝန်ထမ်းမိသားစုများက စာနာမှု၊ စေတနာ၊ မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်ကြပြီး စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်လျက်ရှိရာ ဝန်ထမ်းမိသားစုများကိုယ်တိုင် စိတ်အားထက်သန်စွာဖြင့် စားသောက်ဖွယ်ရာများ ပြင်ဆင်ထုပ်ပိုးနေမှုများကို မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကျော်လင်းမောင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန်ရှိသူများသည် ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ဝန်ထမ်းမိသားစုများက စုပေါင်းပြင်ဆင်ထုပ်ပိုးဆောင်ရွက်နေကြမှုကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၂၁၂၅၂၅၀ဝိ/-) တန်ဖိုးရှိ ငါးခြောက်ကြော်၊ ဘလချောင်ကြော်၊ ငံပြာရည်ကြော်ဘူး၊ မားမားခေါက်ဆွဲခြောက်၊ ကော်ဖီမစ်၊ တီးမစ်၊ ပဲနို့၊ လက်ဖက်၊ ပုဇွန်ခြောက်၊ ငါးခြောက်၊ အမယ်စုံ၊  မုန့်မျိုးစုံနှင့် အရေးပေါ်ဆေးဝါးများစသည်တို့အား ဂုဏ်ပြုပေးအပ်လှူဒါန်းခဲ့မှုကို အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက လက်ခံရယူခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့က ရှေ့တန်း ရောက်တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများကို စာနာမှုစေတနာမေတ္တာအပြည့်ဖြင့် ချက်ပြုတ်ကြော်လှော်ခြင်း၊ တပျော်တပါး စုပေါင်းပြင်ဆင်ထုပ်ပိုးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည့် ဌာနဆိုင်ရာဝန်ထမ်းမိသားစုများကို ရင်းရင်းနှီးနှီး လိုက်လံကျေးဇူးတင်စကားပြောကြားခဲ့သည်။

နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကိုပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရှေ့တန်းတွင်တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် လှူဒါန်းကြသည့် စားသောက်ဖွယ်ရာများနှင့်အတူ ဝန်ထမ်းမိသားစုများက “တရားသောစစ် အမြန်ဆုံးအောင်မြင်ပါစေ။ တပ်မတော်သားများ၏ အောင်မြင်မှု ပြည်သူလူထု၏ ငြိမ်းချမ်းမှုတွေကို စောင့်မျှော်လျက် တပ်မတော်သားများကိုချစ်သည့် ပြည်သူတွေ အများကြီးရှိနေပါကြောင်း၊ တပ်မတော်သားများရဲ့အောင်ပွဲဟာ ပြည်သူ့အောင်ပွဲပါ။ တပ်မတော်သားများ စစ်မြေပြင်မှအန္တရာယ်ကင်းရှင်းစွာ အမြန်ဆုံးပြန်လာနိုင်ပါစေ” စသည့် ဆုတောင်းမေတ္တာ ပို့သလျက်ရှိကြကြောင်း သိရှိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)