သမိုင်းတန်ဖိုးကြီးတဲ့ မန္တလေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သမိုင်းတန်ဖိုးကြီးတဲ့ မန္တလေး


မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံနှင့် နွားထိုးကြီးတို့မှာ ၁၀-၈-၂၀၂၄ ရက်နေ့က PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့တွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြတယ်။ PDF အကြမ်းဖက်ပူးပေါင်းအဖွဲ့က မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့ကို ဝင်ရောက်တိုက်ခိုက်စဉ် တရားရုံး၊ စည်ပင်ရုံ နှင့် ဆောက်လုပ်ရေးရုံးတို့ကို မီးရှို့ဖျက်စီးသွားတယ်လို့ သိရပါတယ်။

ဒီရက်ပိုင်းအတွင်း ထွက်ပေါ်လာတဲ့ သတင်းများအရ အကြမ်းဖက်အဖွဲ့များက မန္တလေးကို ပစ်မှတ်ထားနေတယ်ဆိုတဲ့ အတိုင်း အမှန်တကယ် တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတာပဲ ဖြစ်ပါတယ်။

မန္တလေးမြို့ကို PDF အကြမ်းဖက်သမားတွေက တိုက်ခိုက်မှုတွေ လုပ်ဆောင်လာတော့မယ်ဆိုတဲ့ အချိန်မှာ အဝေးက ဆရာတစ်ယောက်က ကျွန်တော်ထံ ဆက်သွယ်ပြီး မန္တလေးမြို့ကို PDF တွေ အနေနဲ့ မတိုက်ခိုက်သင့်ကြောင်း ပြောပါ၊ ဆရာတော် သံဃာတော်များကိုလည်း ကာကွယ်ပေးဖို့ လျောက်တင်စေလိုကြောင်း ဆက်သွယ် ပြောဆိုပါတယ်။

ဆက်သွယ်ပြောဆိုလာတဲ့ ဆရာက PDF တွေအနေနဲ့ မန္တလေးမတိုက်သင့်ကြောင်း ဘာကြောင့် ပြောရသလဲဆိုရင် မန္တလေးဟာ သမိုင်းတန်ဖိုးကြီးတယ်။ မန္တလေးမှာ ရှေးဟောင်း စေတီပုထိုးတွေ ရှိတယ်။ ဘုန်းတော်ကြီးကျောင်းတွေ ရှိတယ်။ ဒါတွေကို ထိခိုက်ပျက်စီးအောင် မလုပ်သင့်ဘူး။ အခြားသော မြို့ရွာတွေကို တိုက်ခိုက်တာကို အားပေးလို့ မဟုတ်ပါဘူး။ တခြားသော မြို့တွေမှာက သမိုင်းတန်ဖိုးကြီးမားတာတွေ မရှိဘူး။ ထိခိုက်ပျက်စီးခဲ့သော် ပြန်လည်ပြုပြင်ရ လွယ်ကူတယ်။ မန္တလေးမြို့မှာ ရှေးဟောင်းဘုရားတွေ ရှိတယ်။ တန်ဖိုးကြီးမားတဲ့ ရှေးဟောင်းအဖိုးတန်ပစ္စည်းတွေလည်း ရှိတယ်။

ဒါကတော့ မန္တလေးကို ထိခိုက်ပျက်စီးမှုတွေ မဖြစ်စေလိုတဲ့ ဆရာတစ်ယောက်ရဲ့ စေတနာပါ။ PDF အကြမ်းဖက်သမားတွေမှာတော့ ဒါမျိုးအမြင်တွေ ရှိမှာ မဟုတ်ပါဘူး။ မန္တလေးမြို့တွင်မှာ PDF အကြမ်းဖက်သမားများက မြို့တွင်းတိုက်ပွဲ ဆင်နွှဲခဲ့ဖူးတာမျိုးတွေ ရှိတယ်။ 

၂၀၂၃ ခုနှစ်နှောင်းပိုင်းက စပြီး မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့နဲ့အတူ PDF အကြမ်းဖက်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေပါတယ်။ စစ်ကိုင်းတိုင်းထဲက နီပိန်း ပဒက် PDF ကို ရှမ်းမြောက်ကို ပို့ဆောင်ပြီး တိုက်ပွဲဝင်ခိုင်းနေကြပါတယ်။ တိုက်ပွဲများအတွင်းမှာ နီပိန်း ပဒက် PDF တွေ သေဆုံးတာမျိုးလည်း ရှိပါတယ်။ PDF ခေါင်းဆောင်များဖြစ်တဲ့ NLD လွှတ်တော် အမတ်ဟောင်းများက မြောက်ပိုင်းအဖွဲ့များထံ နီပိန်း ပဒက်တွေကို စေလွှတ်နေပြီး သေဆုံးတာမျိုးကိုလည်း မိသားစုများထံ အသိမပေးပါဘူး။ တချို့ မိသားစုတွေ ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းပြီး သေဆုံး နီပိန်း ပဒက် PDF အကြမ်းဖက်သမားတွေအတွက် ဆွမ်းသွပ်လိုက်ရတာမျိုးတွေ ရှိပါတယ်။

နီပိန်း ပဒက် PDF အများစုဟာ ဗမာလူငယ်တွေ ဖြစ်ပါတယ်။ မြောက်ပိုင်းမဟာမိတ်တွေဖြစ်တဲ့ MNDAA, TNLA, AA အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ နီပိန်း ပဒက် PDF တွေအတွက် ဘာတွေ အမြတ်ရလိုက်သလဲ ဆိုတာကို ပြန်လည်သုံးသပ်ကြည့်နိုင်ပါတယ်။

လောက်ကိုင်တိုက်ပွဲများမှာကတည်းက PDF အကြမ်းဖက်သမားတွေ ပါဝင်တိုက်ခိုက်ခဲ့ပါတယ်။ MNDAA က အသာစီးရသွားပြီဆိုတဲ့ အခြေအနေမှာ ဗမာမနေရလို့ မောင်းထုတ်တာကို ခံခဲ့ရပါတယ်။ ကိုးကန့်ခေါင်းဆောင်တွေအတွက် ဗမာ PDF တွေက တိုက်ပေးတယ်။ ပြီးတော့ ဗမာတွေ မောင်းထုတ်ခံရတယ်။

ထို့အတူပါပဲ မိုးကုတ်မှာလည်း TNLA နဲ့ PDF ပူးပေါင်းတိုက်ခိုက်နေခြင်းဖြစ်ပါတယ်။ မိုးကုတ်မြို့ကို ဖျက်ဆီးနိုင်တဲ့ အခြေအနေမျိုးရောက်လာတော့ TNLA က သူတို့ရဲ့ စစ်ဒေသလို့ ကြေညာတယ်။ PDF အကြမ်းဖက်သမားတွေ ပါဝင်တိုက်ခိုက်ပေးလို့ NUG နယ်မြေ ဖြစ်မလာပါဘူး။

ကိုးကန့်၊ တအာင်း ဆိုတဲ့ စာမတတ် ပေမတတ် ဗမာမုန်းတီးရေး လှုံ့ဆော်ပြီး စစ်ဘုရင်ဝါဒကို ထူထောင်ဖို့ ကြံစည်နေတဲ့ ကောင်တွေက ဒီတချီမှာတော့ ဗမာ နီပိန်းတွေကို အသုံးချပြီး အမြတ်ထုတ်သွားတာကို တွေ့လိုက်ရတယ်။ ဗမာတွေကို လူ့ငနွားတွေလို သတ်မှတ်ပြီး မူးယစ်ဆေးကျွေးပြီး တိုက်ပွဲတွေမှာ အသေခံတိုက်ခိုင်းတယ်။ မြို့ရွာတွေ ပျက်စီးသွားတော့မှ MNDAA နယ်မြေ၊ TNLA နယ်မြေအဖြစ် ကြေညာလိုက်တာပဲ ဖြစ်ပါတယ်။

လေ့လာသူတွေရဲ့ သုံးသပ်ပြောဆိုချက်တွေအရ MNDAA, TNLA က သူတို့နယ်မြေမှာ နီပိန်း ပဒက်တွေကို မထားဘူး။ နီပိန်း ပဒက်တွေကို နေရာချပေးဖို့ မန္တလေးကို ပစ်မှတ်ထားလာခြင်းမျိုးဖြစ်တယ်။ ဆိုတော့ မန္တလေးတိုင်းအတွင်းမှာ တိုက်ပွဲတွေ ဖော်ဆောင်လာခြင်းလာ နီပိန်း ပဒက်တွေအတွက် နေရာလာရှာပေးခြင်းမျိုးလားပေါ့။ ရှမ်းမြောက်တကြောမှာ အသေခံပြီး တိုက်ပွဲဝင်ပေးခဲ့သမျှ မြောက်ပိုင်းမဟာမိတ်တွေက နီပိန်း ပဒက် PDF နယ်မြေလို့ သတ်မှတ်ပေးတာ မရှိသလို၊ NUG နယ်မြေလို့ သတ်မှတ်ပေးခြင်းလည်း မရှိပါဘူး။ NUG ဆိုတာ တရားဝင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရတဲ့အတွက် NUG နဲ့ အမည်ထွက်သွားတာနဲ့ တပ်က ပြင်းပြင်းထန်ထန် ဗျင်းမှာမျိုးကို ရှောင်ရှားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ကန့်ဘလူမြို့နယ်၊ ပဇီကြီးမှာ NUG ရုံးခန်း ဖွင့်လှစ်စဉ် တပ်မတော် နှိမ်နင်းသွားတာကို သင်ခန်းစာယူပြီး NUG နာမည်မထွက်ဘဲ မြောက်ပိုင်း ၃ဖွဲ့ အမည်နဲ့ ဖော်ဆောင်လာခြင်းဖြစ်နိုင်ပါတယ်။

မန္တလေးမြို့နဲ့ ပတ်သက်လို့ စာရေးသူထံ ဖုန်းဆက်ပြီး သတိပေးတဲ့ ဆရာရဲ့ အာဘော်လိုပဲ ကျွန်တော်လည်း မန္တလေးအတွက် စိုးရိမ်ပါတယ်။ သံဃာတော်များကို လျှောက်ထားရအောင်ကလည်း သံဃာတော်များထဲမှာ ဘာသာ သာသနာအကျိုးကိုသာ ကြည့်တဲ့ သံဃာတော်များလည်း ရှိပါတယ်။ ပြည်ဖျက်မိစ္ဆာတွေကို ထောက်ခံအားပေးနေတဲ့ ပုဂ္ဂိုလ်များလည်း ရှိနေနိုင်ပါတယ်။ နီပိန်း ပဒက် PDF အကြမ်းဖက်သမားများအနေနဲ့ MNDAA, TNLA ရဲ့ အကူအညီကို ယူပြီး မန္တလေးမြို့ကို တိုက်ခိုက်လာခဲ့သော် သမိုင်းတရားခံ ဖြစ်ပါလိမ့်မယ်။ 

မန္တလေးမြို့ကို ရှောင်ရှားရန်အတွက် မေတ္တာရပ်ခံလိုပါတယ်။ မန္တလေးမြို့ကို သိမ်းဖို့ တိုက်ယူရန် မလိုအပ်ပါဘူး။ မန္တလေးမြို့ဆိုတာ ဗမာနယ်မြေ၊ ဗမာတွေရဲ့ ဘူမိနက်သံ ဖြစ်ပါတယ်။ တိုက်ယူဖို့ မလိုတဲ့ ဗမာတွေရဲ့ နယ်မြေကို MNDAA, TNLA တို့ရဲ့ အကူအညီနဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့မယ်ဆိုရင်တော့ နီပိန်း ပဒက် PDF အမည်ခံ အကြမ်းဖက်သမားတွေဟာ နောက်ကွယ်က ကြိုးကိုင်သူတွေအလိုကျ လုပ်ဆောင်နေကြတဲ့ ဗမာလူ့ငနွားများသာ ဖြစ်ပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)