ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကြံခင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာနတွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်



ကြံခင်း၊ ဩဂုတ်  ၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၊ လူထုအခြေပြုဗဟိုဌာန( Community Centre ) ခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ရုံးဝန်ထမ်းများ၊ Book Club နှင့် Women Club အဖွဲ့ဝင်များ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ‌ဒေါ်ခင်မိုးမြင့်က အဖွင့်အမှာစကားပြောကြားရာတွင် စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် စာပေချစ်မြတ်နိုး သူများ Book Club နှင့် Women Club အဖွဲ့ဝင်များအနေဖြင့် လူထုအခြေပြုဗဟိုဌာန ( Community Centre) ခန်းမတွင်ပြုလုပ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးအခမ်းအနားများ၊ လူငယ်‌ရေးရာဟောပြော ပွဲများ၊ စာဖတ်ဝိုင်းများ၊ Online Talk Show ပွဲများနှင့် အသိပညာပေးဆိုင်ရာလုပ်ငန်းများတွင် စိတ်ရော ကိုယ်ပါပူးပေါင်းပါဝင်ပေးကြသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ ဩဂုတ်လအတွင်း ဆောင်ရွက် မည့်လုပ်ငန်းများအား ဘက်ပေါင်းစုံမှ ဝိုင်းဝန်းကူညီပေးစေလိုကြောင်းပြောကြားသည်။ ထို့နောက် Book Club အဖွဲ့ဝင် ဦးမြတ်ထွန်း (ရာဇာငယ်ကနောင်)က ယခုလို ကျောင်းသား၊ လူငယ်များအား အသိပညာပေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန် ဖိတ်ခေါ်သည့်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အထူးပင်ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အဖွဲ့အနေဖြင့်လည်း ဘက်ပေါင်းစုံမှ ပူးပေါင်းပါဝင်သွားမည်ဖြစ်ပါ ကြောင်းပြောကြားခဲ့ပြီး Women Club အဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီး အကြံအဥာဏ် ကောင်းများပေးကြသည်။ 

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေသဥ္ဇာနှင်းက ဩဂုတ်လအတွင်း စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာ‌ပေးလုပ်ငန်းများ‌ဆောင်ရွက်မည့် လျာထားချက်များ ကို တင်ပြရာ တက်ရောက်လာကြသူများက လျာထားချက်များတိုင်းအောင်မြင်စွာ ပူးပေါင်းဆောင်ရွက်နိုင်ရေး အပြန်အလှန် ဆွေးနွေးကြကြောင်းသိရသည်။  


ဖြိုးဝေလင်း

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)