ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီကို အိမ်တိုင်ရာရောက် ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူများပြားလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးအတွင်း စားအုန်းဆီကို အိမ်တိုင်ရာရောက် ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူများပြားလျက်ရှိ





ရန်ကုန်  ၊  ဩဂုတ် ၉


စားအုန်းဆီအရောင်းဆိုင်များသို့ သွားရောက်ဝယ်ယူရန်အခက်အခဲရှိသော အိမ်ထောင်စုများ၊ စားအုန်းဆီကို လျှင်မြန်လွယ်ကူစွာဖြင့် အိမ်အရောက်ဝယ်ယူနိုင်စေရန်ရည်ရွယ်ပြီး ၂၀၂၄ခုနှစ် ဇူလိုင်လ ၃၁ ရက်မှစတင်ပြီး အိမ်တိုင်ရာရောက် (Door to Door) ရောင်းချပေးလျက်ရှိရာ ဆက်သွယ်ဝယ်ယူသူများပြားလျက်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီအိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချရေးကော်မတီမှ သိရသည်။


အိမ်တိုင်ရာရောက်ဖြန့်ဖြူးရောင်းချခြင်းကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာန၊ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့က ပူပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဝယ်ယူမည့်အိမ်ထောင်စုများအနေဖြင့် နံနက် ၉ နာရီမှ ညနေ ၃ နာရီခွဲအတွင်း တနင်္လာနေ့မှ စနေနေ့အထိ (တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်မပါ) Call Center ဖုန်းနံပါတ် ၀၁-၂၃၉၉၂၂၂ (လိုင်းခွဲ ၇ လိုင်း)သို့ ဆက်သွယ်မှာယူနိုင်ကြောင်းနှင့် မှာယူသူများ၏ နာမည်၊ ဖုန်းနံပါတ်၊ အိမ်လိပ်စာတို့အား မှတ်သားထားပြီး ပစ္စည်းရောက်ငွေချေစနစ်ဖြင့်သာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းအနေဖြင့်လည်း လုပ်သားပြည်သူများ စားသုံးဆီပြတ်လပ်မှုမရှိစေရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ဆီထွက်သီးနှံများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


အောင်မြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)