ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးလျက်ရှိ




ပေါင်၊ ဩဂုတ်လ ၁၆

မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံစားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ဩဂုတ်လ (၁၆) ရက်နေ့ နံနက်(၆)နာရီက ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင်  ရောင်းချပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့်အမဲသားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဝက်သားတစ်ပိသာ(၁၅၀၀၀)ကျပ်၊ ဆန်(၁)ပြည်(၃၂၀၀)ကျပ်၊ ဆီတစ်ပိသာ(၆၂၀၀)ကျပ်၊ ကြက်ဥ(၁၀)လုံး(၂၅၀၀)ကျပ် စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည်သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းအောင် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သံမရောင်၊ အဖွဲ့ဝင် ဦးကျော်လင်းဦး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးနှင့်ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမူးများက သက်သာချောင်ချိရေးဆိုင်တွင် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။


မွန်မလေး 

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)