အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှု အကျိုးခံစားခွင့်ထုတ်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်ခွင်ပြင်ပထိခိုက်သေဆုံးမှု အကျိုးခံစားခွင့်ထုတ်ပေး

  




မှော်ဘီ   ၊ ဩဂုတ်     ၇



ရန်ကုန်တိုင်းဒေသကြီး၊မှော်ဘီခရိုင်၊မှော်ဘီမြို့နယ် လူမှုဖူလုံရေးရုံးတွင်အကျုံးဝင်မှတ်ပုံတင်ထားသော  PT Power ဆီဆိုင်(မှော်ဘီ) မှအာမခံအလုပ်သမား အတွက်ကျန်ရစ်သူအကျိုးခံစားခွင့်ငွေလုံးငွေရင်းထုတ်ပေးခြင်းကိုရန်ကုန်တိုင်းဒေသကြီးကျောက်တံတားမြို့နယ်ဘားလမ်းရှိတိုင်းဒေသကြီးလူမှုဖူလုံ ရေးရုံးအစည်းအဝေးခန်းမ၌ ဩဂုတ်လ၆ရက်နေ့ ကကျင်းပခဲ့သည်။



အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဖူလုံရေး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေး မှူး ဦးသိန်းနွဲ့ဦးက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေ ပါသိကောင်းစရာများကိုရှင်းလင်းပြောကြားပြီး မှော်ဘီမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသောPT Power ဆီဆိုင်(မှော်ဘီ) မှအာမခံအလုပ်သမားဦးသာထက်ဉာဏ်၏အလုပ် ခွင်ပြင်ပထိခိုက်မှုကြောင့်သေဆုံးမှုအတွက်ကျန်ရစ်သူအကျိုးခံစားခွင့်ခွင့်ပြုငွေကျပ်၄၅၀၀၀၀၀(ကျပ်လေးဆယ့်ငါးသိန်းတိတိ)ကို ဖခင်ဖြစ်သူဦးအောင်သူအားထုတ်ပေးခဲ့ကြောင်းသိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)