လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်း


နေပြည်တော်၊ ဩဂုတ်လ ၅

စွန့်လွှတ်စွန့်စားလိုသည့် စိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာများ ပေးပို့လှူဒါန်းလျက်ရှိပါသည်။

ထိုသို့ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ၂-၅-၂၀၂၄ ရက်နေ့တွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စေတနာ၊ မေတ္တာအပြည့်ဖြင့် စားသောက် ဖွယ်ရာများကို ပေးပို့နိုင်ရေး စိတ်အားထက်သန်စွာဖြင့် စုပေါင်းပြီး ပြင်ဆင်ထုပ်ပိုးဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဒုတိယဝန်ကြီး ဦးအေးကျော်နှင့် ဌာနဆိုင်ရာအကြီးအကဲများက လိုက်လံကြည့်ရှုအားပေးခဲ့ပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် လက်ဖက်အကြော်၊ ခေါက်ဆွဲခြောက်၊ နန်းမြိုင်ကော်ဖီ၊ တီးမစ်၊ ငါးတန်အချိုပေါင်း၊ ပဲထောပတ်၊ ငါးပိကြော်၊ ကြက်အာလူး၊ ငါးနီတူခြောက်ကြော်၊ အာဗြဲ ခြောက်ကြော်၊ ဂျူးမြစ်/ ပဲပုတ်/ မြေပဲကြော်၊ ငံပြာရည်ကြော်၊ စုစုပေါင်း အစားအသောက် (၁၂) မျိုးကို ပေးပို့လှူဒါန်းခဲ့ကြပါသည်။

ထို့အပြင် နိုင်ငံတော်လုံခြုံရေး၊ နယ်မြေကာကွယ်ရေးအတွက် အသက်ကို ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားကာ ရဲရင့်စွာဖြင့် တိုက်ပွဲဝင်နေကြသည့် တပ်မတော်သားများအတွက် စိတ်ဓာတ်ခွန်အား၊ နိုးကြားတက်ကြွစေရန် ကျန်းမာပါစေ၊ ဘေးအန္တရာယ်ကင်းပါစေ၊ တရားသောစစ် အောင်မြင်ပါစေ အစရှိသည့် ဆုတောင်းမေတ္တာစာလွှာများကိုလည်း ထည့်သွင်းပေးပို့ခဲ့ကြပါသည်။

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ဝန်ထမ်းမိသားစုများက စားသောက်ဖွယ်ရာ (၁၂) မျိုးအတွက် စုစုပေါင်းတန်ဖိုးငွေကျပ် (၁၂,၀၀၂,၅၀၀) (ကျပ်သိန်းတစ်ရာ့နှစ်ဆယ်နှစ်ထောင့်ငါးရာတိတိ) ကို ယခုလ (၃) ရက် နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်သို့ သွားရောက် ပေးပို့လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)