ရွှေတောင်မြို့နယ်၌၂၀၂၃- ၂၀၂၄ပညာသင်နှစ် ၊ လူရည်ချွန် ရရှိသူများ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် တိုင်းလက်ရွေးစင် ( ပြေး၊ခုန်၊ပစ်)ပြိုင်ပွဲတွင်ဆုရသော ကျောင်းသူ အားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေတောင်မြို့နယ်၌၂၀၂၃- ၂၀၂၄ပညာသင်နှစ် ၊ လူရည်ချွန် ရရှိသူများ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် တိုင်းလက်ရွေးစင် ( ပြေး၊ခုန်၊ပစ်)ပြိုင်ပွဲတွင်ဆုရသော ကျောင်းသူ အားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပ

  




ရွှေတောင် သြဂုတ် -၂၉

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ်( ကြာနီကန်)  အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နေ့လယ် ( ၁း၀၀) နာရီက၂၀၂၃- ၂၀၂၄ပညာသင်နှစ် ၊ လူရည်ချွန် ရရှိသူများ၊တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သူများနှင့် တိုင်းလက်ရွေးစင်( ပြေး၊ခုန်၊ပစ်)ပြိုင်ပွဲတွင်ဆုရသော ကျောင်းသူ အားဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။

           အခမ်းအနားတွင် အထက-ရွှေတောင် ကျောင်းသား/သူလေးများက" မြန်မာ့ကျောင်း" သီချင်းဖြင့် ဂုဏ်ပြုသီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ၊ရွှေတောင်မြို့နယ်  ပညာရေးကြီးကြပ်မှုကော်မတီ ဥက္ကဌဦးဟံဝင်းအောင်က  အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးကျော်ဦးကထပ်ဆင့် အမှာစကားပြောကြားသည်။ ဆက်လက်၍ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမင်းသိန်းက ဂုဏ်ပြုဆုချီးမြှင့်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကိုရှင်းလင်းပြောကြားခဲ့သည်။

       ထို့နောက်  ၂၀၂၄ပညာသင်နှစ် ၊ လူရည်ချွန် (၁)ဦးနှင့် နှစ်ထပ်ကွမ်းလူရည်ချွန် (၁)ဦး ၊ တက္ကသိုလ်ဝင်စာမေးပွဲတွင်(၂) ဘာသာ ဂုဏ်ထူးရှင် (၃)ဦး၊(၁)ဘာသာဂုဏ်ထူးရှင် (၁)ဦး   နှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းလက်ရွေးစင်( ပြေး၊ခုန်၊ပစ်)ပြိုင်ပွဲတွင် မီတာ( ၁၀၀) ပထမ၊ မီတာ( ၁၀၀) လက်ဆင့်ကမ်း ပထမ၊ မီတာ( ၄၀၀) လက်ဆင့်ကမ်း ပထမ၊ မီတာ( ၂၀၀) ဒုတိယ ဆုရရှိသူ ကျောင်းသူ (၁)ဦး နှင့် ဂုဏ်ထူးရအောင် သင်ကြားပေးသော ဆရာမများအား ဂုဏ်ပြုဆုငွေ  နှင့် ဆုတံဆိပ်များကို ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆုများအသီးသီးဆုချီးမြှင့်ခဲ့ပြီး   ဒွါဒသမတန်း လူရည်ချွန် ကျောင်းသား မောင်အောင်ကျော်မင်းမှ ဆုရကျောင်းသား၊ကျောင်းသူ များ၏ ကိုယ်စား ကျေးဇူး တင်စကားပြန်လည် ပြောကြားခဲ့ကြောင်းသိရသည်။

ကိုကိုမင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)