နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများအောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆီစက်လုပ်ငန်းများအောင်မြင်ရေး အကောင်အထည်ဖော်ဆောင်ရွက်ပေးလျက်ရှိ

007

နေပြည်တော်၊ သြဂုတ် ၂၁

မြန်မာနိုင်ငံ၏ ပြည်ပစားသုံးဆီတင်သွင်းမှုလျော့ကျစေရေးနှင့် ပြည်တွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးထုတ်လုပ်ရန်လိုအပ်သကဲ့သို့ အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများ ထုတ်လုပ်ရန် အဆင့်မီဆီစက်များလည်းလိုအပ်နေသဖြင့် ဆီစက်လုပ်ငန်းများဖွံ့ဖြိုးရေးချေးငွေစီမံခန့်ခွဲမှုလုပ်ငန်းအဖွဲ့ကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဆောင်ဖွဲ့စည်းပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။

ယင်းလုပ်ငန်းများ အောင်မြင်ရေးအတွက် ချေးငွေစိစစ်ကြီးကြပ်ရေးနှင့် စောင့်ကြည့်လေ့လာသုံးသပ်ရေး (Monitoring and Evaluation) အဖွဲ့ခေါင်းဆောင်ဖြစ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်သည် ယနေ့နံနက်ပိုင်းက အဖွဲ့ဝင်ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ဆီစက်လုပ်ငန်းများကို ကွင်းဆင်းကြီးကြပ်စစ်ဆေးသည်။

ဦးစွာ အမြဲတမ်းအတွင်းဝန်နှင့်အဖွဲ့သည် မကွေးမြို့ရှိ “မကွေးအမေစိန်” ဆီစက်၊ “ကောင်းသန့်” ဆီစက်၊ “အောင်စင်္ကြာ” ဆီစက်နှင့် “ရွှေပြည်” ဆီစက်များသို့သွားရောက်ပြီး ဆီစက်လုပ်ငန်းများလည်ပတ်နေမှုနှင့် ကုန်ကြမ်းသိုလှောင်ထားရှိမှုအခြေအနေများ၊ ချေးငွေထုတ်ယူပြီးစီးမှုအခြေအနေများ၊ ချေးငွေစီမံချက်ပါအတိုင်း ဆီစက်လုပ်ငန်းတွင် အမှန်တကယ်လိုက်နာသုံးစွဲမှု ရှိ/မရှိတို့ကို ကြီးကြပ်စစ်ဆေးရာ လုပ်ငန်းအခက်အခဲများအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages