စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်သင်တန်း (၁/ ၂၀၂၄) ဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်သင်တန်း (၁/ ၂၀၂၄) ဖွင့်ပွဲကျင်းပ



စစ်ကိုင်း၊ သြဂုတ် ၅

စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်သင်တန်း (၁/၂၀၂၄) ဖွင့်ပွဲအခမ်းအနားကို စစ်ကိုင်းတပ်နယ်ရှိ အောင်စစ်သည်ခန်းမ၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် အမှတ်(၃၃) ခြေမြန်တပ်မဌာနချုပ်၊ ဒုတိယတပ်မမှူး၊ ဗိုလ်မှူးကြီး ဇင်မျိုးဦးက မိန့်ခွန်းပြောကြားရာတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်နဲ့ တပ်မတော်သားတစ်ယောက်ကဲ့သို့ ခံယူချက်၊ ယုံကြည်ချက် မြင့်မားလာစေရန်၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်တွေကို တပ်မတော်နဲ့အတူ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့အတူ လက်တွဲထမ်းဆောင်နိုင်ဖို့ လေ့ကျင့်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်ရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးတို့အတွက် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့အတူ လက်တွဲတာဝန် ထမ်းဆောင်နိုင်ရေးကို တပ်မတော်အကြီးအကဲများရဲ့ လမ်းညွှန်ချက်၊ ညွှန်ကြားချက်အရ စစ်ကိုင်းတပ်နယ်ရဲ့ အနီးကပ်ကြီးကြပ်ကွပ်ကဲမှုနှင့် ယခုလို သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း၊ ဆင့်ကဲဆင့်ကဲ ခေါင်းဆောင်များရဲ့ အမိန့်တွေကိုနာခံပြီး ပေးအပ်တဲ့ တာဝန်တွေကို ကျေပြွန်စွာ ထမ်းဆောင်ကြပါ၊ အင်အားတောင့်တင်းပြီး စွမ်းရည် ထက်မြတ်တဲ့ ခေတ်မီတပ်မတော်တည်ဆောက်ရာမှာ မိမိတို့ပြည်သူ့စစ် အဖွဲ့အနေနဲ့လည်း နိုင်ငံတော်အတွက် အသက်ကိုပဓာနမထားဘဲ ပါဝင်ဆောင်ရွက်ပေးသွားကြပါလို့ ပြောကြားခဲ့သည်။ အဆိုပါ ပြည်သူ့စစ်သင်တန်းသို့  သင်တန်းသား(၁၃၅)ဦး တက်ရောက်မည်ကြောင်း သိရသည်။


ဇော်မြင့်နိုင်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)