ပြည်မြို့၌ ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်မြို့၌ ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ





ပြည်  ၊ ဩဂုတ် ၁၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၂၄ခုနှစ်၊ (၂၅) ကြိမ်မြောက် ငွေရတုအထိမ်းအမှတ် ခရိုင်အဆင့်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနနက်ပိုင်းက ပြည်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ သီရိရတနာခန်းမ၌ကျင်းပရာ ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်နှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။


ထို့နောက် ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းအောင်က အမှာစကားပြောကြားပြီး ပြိုင်ပွဲများကိုစတင်ကျင်းပရာ ပြည်ခရိုင်အတွင်း မြို့နယ်များမှ အခြေခံပညာအဆင့် အသက် (၁၀နှစ်မှ ၁၅နှစ်)နှင့် အခြေခံပညာအဆင့် အသက် (၁၅နှစ်မှ ၂၀နှစ်)အထိ ပြိုင်ပွဲဝင်များ၊ ပြည်မြို့ရှိ တက္ကသိုလ်/ ဒီဂရီကောလိပ်အသီးသီးမှ အဆင့်မြင့်ပညာအဆင့် ပြိုင်ပွဲဝင်များနှင့် ဝါသနာရှင်ပထမအဆင့်နှင့် ဒုတိယအဆင့်ပြိုင်ပွဲဝင်များအပါအဝင် စုစုပေါင်းပြိုင်ပွဲဝင် ၂၅ ဦးတို့က (ခေတ်ဟောင်း/ကာလပေါ်)၊ (အမျိုးဂုဏ်/ဇာတိဂုဏ်)နှင့် (မဟာဂီတ)အဆိုပြိုင်ပွဲ၊ (ကဗျာလွတ်နှင့်တပင်တိုင်)အကပြိုင်ပွဲ၊ (မြန်မာ့ဆိုင်းဝိုင်း၊ မယ်ဒလင်၊ စန္ဒယားနှင့် ပုလွေမှုတ်) အစရှိသည့် (အမျိုးသား/အမျိုးသမီး) အဆို၊ အက၊ အတီး ပြိုင်ပွဲများတွင် သတ်မှတ်အဆင့်အလိုက် ပါဝင်ယှဉ်ပြိုင်ကြသည်။


အဆိုပါပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုအား နိုင်ငံကျော်တေးသံရှင် တက္ကသိုလ်(ဒေါ်)လဲ့လဲ့နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် အနုပညာရှင်၊ အတတ်ပညာရှင် ဒိုင်အဖွဲ့များက အကဲဖြတ်စိစစ်အမှတ်ပေးရွေးချယ်ကြပြီး ပြိုင်ပွဲများအလိုက် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ကြကာ တိုင်းဒေသကြီးအဆင့်ပြိုင်ပွဲတွင် ဆက်လက်အောင်မြင်မှုရရှိရေး အားပေးစကားပြောကြားပြီး ပြိုင်ပွဲဝင်များနှင့်အတူ အမှတ်တရမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။


ကိုဆက် 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)