စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့်ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များ ဆွေးနွေး


နေပြည်တော်၊ ဩဂုတ် ၈

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ကုလသမဂ္ဂစီမံကိန်းဝန်ဆောင်မှုရုံး (United Nations Office for Project Services- UNOPS) ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးနှင့်ကိုယ်စားလှယ် Ms. Sara Austin Netzer ကို ယမန်နေ့က ပြည်ထောင်စုဝန်ကြီးရုံးဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများတွင် လိုအပ်သည့် ကူညီပံ့ပိုးမှုများကို တည်ဆဲဥပဒေ စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်မည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနတာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)