ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

 



ဥတ္တရသီရိ ၊ ဩဂုတ် ၁၂


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၌ ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် တာဝန်ရှိသူများမှ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။


ထို့သို့ဆောင်ရွက်ရာတွင် ဥတ္တရခရိုင် ပတ်ဝန်းကျင်စီမံခန်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီဝင် ဌာနများဖြစ်ကြသော ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ခရိုင်သစ်တောဦးစီးဌာန၊ ခရိုင်မီးသတ်ဦးစီးဌာန၊ ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီတို့မှ တာဝန်ရှိသူများသည် ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာရှိ ရတနာဆန်စက်၊ ကျော်ဆီစက်နှင့် အောင်ချမ်းသာကျေးရွာရှိ Nature ဝါးတူလုပ်ငန်းများသို့ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အောင်မျိုးဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)