ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် ဧည့်မထဆန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေး




ကော့သောင်း  ၊ ဩဂုတ် ၇


တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းတို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် စားသုံးသူများအတွက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးမည့် အစီအစဉ်ဖြင့် ဧည့်မထ(ဇီယာ) ဆန်တစ်ပြည်ကို (၃၅၀၀/-)ကျပ်ဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်း‌ရုံး‌‌ နေရာတွင် အသင်းသူ၊ အသင်းသူများက  ဈေးနှုန်းသက်သာစွာရောင်းချပေးလျက်ရှိကြောင်း သိရသည်။


စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းတိုးမြင့်နေသည့်ကာလတွင် အခြေခံပြည်သူများအား တစ်ဖက်တစ်လမ်းမှ အကူအညီဖြစ်စေရန် ရည်ရွယ်၍  ဇွန်(၂၇)ရက်နေ့မှစ၍ အပတ်စဉ် တနင်္လာနေ့မှသောကြာနေ့ထိ ကော့သောင်းမြို့နယ် ဆန်စပါးလုပ်ငန်းအသင်းနှင့် တာဝန်ရှိသူ များသည်ဧည့်မထ(ဇီယာ)ဆန်များအား သတ်မှတ်ဈေးနှုန်းများအတိုင်း နံနက်(၉)နာရီခွဲမှ (၁၁)နာရီ ခွဲအတွင်းဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိပြီး အခြေခံပြည်သူများအနေဖြင့် ယခုကဲ့သို့ စားသောက်ကုန်များ ဈေးနှုန်းသက်သာစွာရောင်းချပေးခြင်းများကို လိုလားလျက်ရှိကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)