မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့်စစ်သည်များ တရုတ်ပြည်သူ့သမ္မတနိုင်ငံလေ့လာရေးခရီးစဉ်မှ ပြန်လည်ရောက်ရှိ

 






နေပြည်တော်၊ ဩဂုတ် ၃၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ လမ်းညွှန်မှုဖြင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာ အောင်မြင်ခဲ့သည့် စစ်မှုထမ်းဆဲ/ စစ်မှုထမ်းဟောင်းနှင့် အစားခန့်ဝန်ထမ်းများ၏ သား/သမီး ကျောင်းသား၊ ကျောင်းသူများနှင့် ဂုဏ်ထူးဖြင့် အောင်မြင်ခဲ့သော စစ်သည်များပါဝင်သည့် မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များသည် နိုင်ငံတကာယဉ်ကျေးမှု၊ ဗဟုသုတနှင့် အသိပညာများ အတုယူလေ့လာနိုင်စေရန်အတွက် ဩဂုတ် ၂၆ ရက်မှစ၍  တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိကြသည်။


အဆိုပါ လေ့လာရေးအဖွဲ့အား တပ်မတော်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် စိုးညွန့်၊ မြန်မာ့စီးပွားရေးဦးပိုင်အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက်မှ  ဌာနကြီးမှူး ဦးအောင်ရဲဝင်းနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၏ မိဘဆွေမျိုးများက   ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။


အဆိုပါ မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များ ပါဝင်သော လေ့လာရေးအဖွဲ့သည်  တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ရောက်ရှိနေစဉ်အတွင်း သြဂုတ်လ ၂၇ ရက်တွင် ပေကျင်းမြို့ရှိ Tian Tan ပန်းခြံသို့ သွားရောက်လည်ပတ်ခြင်း၊ Ling Guang ဘုရားကျောင်းသို့ သွားရောက်၍ ဘုရားကျောင်းတွင် ကိန်းဝပ်စံပယ်တော်မူသော ဗုဒ္ဓမြတ်စွယ်တော်အား သွားရောက်ဖူးမြော်ခြင်း၊ ဩဂုတ်လ ၂၈ ရက် တွင် ပေကျင်းမြို့ရှိ Grate wall သို့ သွားရောက်လေ့လာခြင်း၊ နွေရာသီနန်းတော်သို့ သွားရောက် လေ့လာခြင်း နှင့် အိုလံပစ်ကျင်းပခဲ့သည့် အဆောက်အဦများနှင့် မြို့တွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာ ခြင်းများ ဆောင်ရွက်ကာ  ညပိုင်းတွင် ညရှုခင်းများ ကြည့်ရှုခဲ့ကြသည်။


အလားတူ ဩဂုတ်လ ၂၉ ရက်တွင် ပေကျင်းမြို့ရှိ ပေကျင်းကျည်ဆန်ရထား ဘူတာရုံမှ ‌ပေကျင်း-ကွမ်ကျိုးကျည်ဆန်ရထား အမှတ်၊ G-77 ဖြင့် စီးနင်းလိုက်ပါ၍ Guang zhou မြို့သို့ ရောက်ရှိကြသည်။


အဆိုပါ မျိုးဆက်မျိုးဆက်သစ်ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များ ပါဝင်သော လေ့လာရေး အဖွဲ့၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ လေ့လာရေးခရီးသွားရောက်ခဲ့ရမှုနှင့် ပတ်သက်၍ (ခြောက်ဘာသာ ဂုဏ်ထူးရှင် ) သုံးထပ်ကွမ်းလူရည်ချွန် မောင်ဘုန်းမြတ်သာ က တရုတ်နိုင်ငံရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ မဟာတံတိုင်း၊ ဗုဒ္ဓမြတ်စွယ်တော်လို နေရာတွေအပြင် သမိုင်းနဲ့ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ်နေရာတွေဖြစ်တဲ့ နွေရာသီနန်းတော် ၊ Tiananmen square   ပေကျင်းအိုလံပစ်ကျင်းပခဲ့တဲ့ အိုလံပစ်ပန်းခြံတို့ကိုလည်း လေ့လာခွင့်ရခဲ့ပါတယ်။ လေ့လာရေးခရီးကို အစကနေအဆုံးကုန်ကျ စရိတ်အများကြီး အကုန်အကျခံပြီးတော့ စီစဉ်ဆောင်ရွက်ပေးတဲ့ နိုင်ငံတော် အကြီးအကဲနဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်။ ခရီးအစကနေအဆုံးထိ ကြီးကြပ်ပေးတဲ့ ကြီးကြပ်ဆရာတွေကိုလည်း အထူးပဲကျေးဇူးတင်ရှိပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့ အနာဂတ်မှာ နိုင်ငံကအားကိုးရတဲ့ သမားတော်ကောင်းတစ်ယောက်ဖြစ် အောင်ကြိုးစား သွားပါမယ်ခင်ဗျာ။ ဒီခရီးစဉ်က တရုတ်နိုင်ငံရဲ့ အထင်ကရနေရာများစွာကို လေ့လာခွင့်ရခဲ့တဲ့ အတွက်ကြောင့် မလို့ဒေသန္တရ ဗဟုသုတများစွာ ရရှိခဲ့ပါတယ်။ တရုတ်နိုင်ငံက အားလုံးသိကြတဲ့အတိုင်း ဘက်စုံကဏ္ဍစုံမှာ ဖွံ့ဖြိုးတိုးတက်နေတဲ့ အရာတွေ လေ့လာခွင့် ရခဲ့တယ်။ သူတို့ဒီလိုဖွံ့ဖြိုးတိုးတက်အောင် ဘယ်လိုမျိုးကြိုးစားခဲ့ တယ်ဆိုတာ ကျွန်တော် တို့အတုယူပြီးတော့ ကျွန်တော်တို့နိုင်ငံအနာဂတ်ကို ပိုကောင်းအောင် တည်ဆောက်သွားမယ် လို့ခံယူ ချက်တွေရရှိခဲ့ပါတယ်။


နှစ်ထပ်ကွမ်းလူရည်ချွန် မမြသန္တာခင် က "တရုတ်နိုငငံရဲ့ ပေကျင်းမြို့နဲ့ကွမ်းကျိုးမြို့ကို သွားရောက်လေ့လာခဲ့ပါတယ်။ ပေကျင်းမြို့မှာဆိုရင် အထင်ကရနေရာတွေဖြစ်တဲ့ Tiananmen square   ၊ မဟာတံတိုင်း ဂရိတ်ဝေါနဲ့ အိုလံပစ်ပန်းခြံတို့ကို လေ့လာခဲ့ပါတယ်။ ကွမ်းကျိုးမြို့မှာဆိုရင် Ginan တက္တသိုလ်ကို လေ့လာခဲ့ပြီးတော့ ညပိုင်းဆိုရင် ပုလဲမြစ်မှာ အပျော်သင်္ဘောစီးခဲ့ပါတယ်။ တရုတ်နိုငငံရဲ့ လူနေမှု့စနစ်ကို သိခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှု့တွေ ၊ ရှေ့ခေတ် သမိုင်းကြောင်းတွေ ၊ စားသောက်ဖွယ်ရာတွေ၊ စည်းကမ်းရှိပုံတွေ၊ စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ ပုံတွေကို လေ့လာခဲ့ပါတယ်ရှင်။ သမီးအပါအဝင် သမီးတို့လို ထူးချွန်ကျောင်းသားတွေကို တရုတ်နိုငငံကို လေ့လာခွင့်ရအောင် အခွင့်အရေးပေးခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တာဝန်ရှိသူ အကြီးအကဲအားလုံးကို အထူးကျေးဇူး တင်ရှိပါတယ်။" ဟု ပြောသည်။


ထူးချွန်လူငယ်မောင်မယ်များနှင့် စစ်သည်များ ပါဝင်သော လေ့လာရေးအဖွဲ့သည် ဩဂုတ်လ ၃၀ ရက်နံနက်ပိုင်းတွင် Guang zhou မြို့ရှိ Ji Nan တက္ကသိုလ်သို့ သွားရောက်ကာ Ji Nan တက္ကသိုလ်၏ သမိုင်းကြောင်း၊ စာကြည့်တိုက်နှင့် ဌာနခွဲများအား လှည့်လည်လေ့လာခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလို သည်များ မေးမြန်းမှုများအပေါ် တက္ကသိုလ်မှ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြသည်။ ထို့နောက် လေ့လာရေးအဖွဲ့သည် မွန်းလွဲပိုင်းတွင် Guang zhou မြို့တွင်း လေ့လာလည်ပတ်ကြပြီး ညပိုင်းတွင် Guang Zhou Tower အား သွားရောက် လေ့လာ ကြည့်ရှုခြင်းနှင့် Zhu Jiang မြစ်အတွင်း အပျော်စီးသင်္ဘာဖြင့် လိုက်ပါစီးနင်း၍ လေ့လာ လည်ပတ်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)