ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကယားပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင် လွိုင်ကော်မြို့ သန့်ရှင်းသာယာလှပရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေး

14


လွိုင်ကော်  ၊ ဩဂုတ် ၁၈


ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်လေဆိပ် အပြီးသတ် ပြင်ဆင်နေမှု လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အရေးကြီး ပုဂ္ဂိုလ်များ နားနေဆောင် ၊ ခရီးသည်များ ဆိုက်ရောက်ထွက်ခွါနားနေဆောင်၊ လေကြောင်းအကဲကြည့်မျှော်စင်နှင့် လေဆိပ်လုံခြုံရေး အုတ်တံတိုင်းခြံစည်းရိုး ကာရံထားရှိမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်သွားရန်နှင့် လေဆိပ် ပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာလှပရေးတို့ကို ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်မြို့အဝင် မုခ်ဦးသို့ သွားရောက်၍  မြို့အဝင်မုခ်ဦးနှင့် မြို့အဝင် ဆိုင်းဘုတ်များ သစ်လွင်မှုရှိစေရေးအတွက် ပြန်လည်ပြုပြင်မွမ်းမံခြင်း၊ သန့်ရှင်းသာယာလှပရေးနှင့် မြို့အဝင်လမ်းဘေး ဝဲယာတစ်လျှောက် ခြုံနွယ်များရှင်းလင်း၍ သစ်ပင်ပန်းမံများကို စနစ်တကျ စိုက်ပျိုးသွားရန် သက်ဆိုင်ရာ တာဝန်ရှိသူများအား မှာကြားခဲ့သည်။


ထို့နောက် လွိုင်ကော်မြို့ မင်းကျောင်းကန်သို့ သွားရောက်၍ ပြည်သူများ စိတ်အေးချမ်း သာစွာဖြင့် လာရောက်အပန်းဖြေ အနားယူနိုင်ရန်အတွက် ရေကန်နှင့် ရေကန်ပတ်လည်အား သန့်ရှင်းသာယာရေ:လုပ်ငန်းများဆောင်ရွက်ပြီး အလှပန်းပင်များ စနစ်တကျ စိုက်ပျိုး၍ ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများအား မှာကြားခဲ့သည်။


ယင်းနောက် မင်းကျောင်းပရိယတ္တိစာသင်တိုက်သို့ သွားရောက်ပြီး အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့သည့် သံဃာဆောင်များနှင့် ဆွမ်းစား ဆောင်များအား ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ပြန်လည်ပြုပြင်ဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


ကိုဇင်(လွိုင်ကော်)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages