ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများ အသိပညာပေး ဟောပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ပြုလုပ်ပေး၍ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများ အသိပညာပေး ဟောပြော

 




ဘိုကလေး  ၊ ဩဂုတ် ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁) အခြေခံပညာအထက်ကျောင်းသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယနေ့နံနက်(၉)နာရီအချိန်တွင် ကွင်းဆင်း၍ အသက်(၁၆)နှစ်နှင့်အထက် တစ်ကြိမ်တစ်ခါမျှ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ဖူးခြင်း မရှိသေးသော ကျောင်းသား/သူများအား ပန်းခင်းစီမံချက်(၃)အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများပြုလုပ် ဆောင်ရွက်ပေးခဲ့သည်။


နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ရာတွင် လိုအပ်သော ထောက်ခံဆောင်ရွက်မှုများ ပြုလုပ်ပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှလည်း ဝိုင်းဝန်းပူး‌ပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်များ ဆောင်ရွက်ပေးခြင်းနှင့် တစ်ပြိုင်နက်  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးထွန်းထွန်းနိုင်က ယခုနှစ် အောက်တိုဘာ(၁)ရက်နေ့မှ (၁၅)ရက်နေ့အထိ ကောက်ယူဆောင်ရွက်ကြမည့် (၂၀၂၄)ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းဆိုင်ရာများအား ဆရာ/မများနှင့် ကျောင်းသား/သူများအား အသိပညာပေး ဟောပြောကာ ၎င်းနှင့် စပ်လျဉ်းသည့် အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။



မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)