ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ပန်းတောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာ

13

14



ပန်းတောင်း ၊  သြဂုတ် ၂၂


ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ သြဂုတ် ၂၀ ရက်နေ့ နေ့လယ်က အ.ထ.က (ပန်းတောင်း) ကျောင်း Grade-6 မှ ကျောင်းသား/သူ(၄၃)ဦး အသိပညာဗဟုသုတရှာဖွေရန် စာအုပ်စာစောင်များ လာရောက်ငှားရမ်းဖတ်ရှုလေ့လာခဲ့ကြသည်။


ပန်းတောင်းမြို့နယ်၌ ပြည်သူ့စာကြည့်ကို အသိပညာဗဟုသုတရှာဖွေစုဆောင်ရာနေရာ တစ်ခုအဖြစ် ဖွင့်လှစ်ထားရှိပြီး သုတ/ရသစာအုပ်များ၊ ပုံပြင်များ၊ တေဇ၊ ရွှေသွေး၊တိုင်းရင်းသားရိုးရာ ရုပ်ပြပုံပြင်များ၊ ဉာဏ်စမ်းပဟေဠိ စာအုပ်များ ကလေးများအကြိုက် ရုပ်ပြကာတွန်းများ စသည့်စာအုပ်စာစောင်များ လာရောက်ဖတ်ရှုငှားရမ်းနိုင်သည့်အပြင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဟောပြောပွဲများ၊ ဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများနှင့် Talk Show အစီအစဉ်များကိုလည်းကောင်း၊ ကလေးစာဖတ်ခန်းတွင် ကလေးများအကြိုက် ပုံပြင်ပြောခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ အရုပ်ဆက်ခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စာဖတ်စွမ်းရည် စသည့်ပြိုင်ပွဲများကို လစဥ်ပြုလုပ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။


လပြည့်လင်း 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages