ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ရပ်စောက်မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင် ရပ်စောက်မြို့ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့်တွေ့ဆုံ၍ စားနပ်ရိက္ခာများ ထောက်ပံ့ပေးအပ်




ရပ်စောက် ၊  ဩဂုတ် ၂


ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက ရပ်စောက်မြို့ ဘုန်းတော်ကြီးကျောင်း (၁၂)ကျောင်းတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့မှ တိုက်ပွဲရှောင်ရန်ရောက်ရှိနေသာ ပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ထောက်ပံ့ပေးအပ်သည့် ဆန်၊ ဆီ ရိက္ခာနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။


ဦးစွာ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် ရပ်စောက်မြို့ မြို့ဦးရပ်ကွက်ရှိ သာသနာ့ဝေပုလ္လဘုန်းကြီးကျောင်းတွင်ရောက်ရှိနေသော တိုက်ပွဲရှောင်ပြည်သူများအား တွေ့ဆုံကာ အားပေးစကားပြောကြား၍ လူဦးရေ ၅၀၀ ဦးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့က ထောက်ပံ့သော ဆန် ၃၃ အိတ်၊ ဆီ ၃၃ ပိဿာတို့ကိုလည်းကောင်း၊ ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ထောက်ပံ့သော ဆန် ၂၈ အိတ်၊ ဆီ ၂၈ ပိဿာနှင့် စားသောက်ကုန်တို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။


ထို့နောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် ဈေးတန်းရပ်ကွက်ရှိ ရန်အောင်ကျောင်းတိုက်နှင့် တောင်ဖီလာကျောင်းတိုက်များရှိ တိုက်ပွဲရှောင်ပြည်သူ ၃၅၀ ဦးတို့နှင့်တွေ့ဆုံအားပေး၍ ဆန် ၂၉ အိတ်၊ ဆီ ၃၀ ပိဿာနှင့် စားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခဲ့သည်။


ဆက်လက်၍ ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီး၊ ဗထူးတပ်နယ် အရာခံနှင့် အကြပ်ကြီးသင်ကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးကြီးကျော်သူလှိုင်နှင့် တာဝန်ရှိသူများသည် သံဃာ့ဆေးရုံ လားရှိုးဘိုးဘွားရိပ်သာနှင့် သုခကာရီဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဆန် (၃)အိတ်၊ ဆီ (၃)ပိဿာ ဘိုးဘွား (၄၆)ဦးအတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက ထောက်ပံ့သော အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်း ၄၆ စုံကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ယင်းနောက် ရှမ်းပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် အဖွဲ့သည် ဈေးတန်းကျောင်းတိုက်တွင် သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းပြီးနောက် မန္တလေးကျောင်းတိုက်ရှိ တိုက်ပွဲရှောင်ပြည်သူများနှင့် သွားရောက်တွေ့ဆုံအားပေးစကားပြောကြားကာ ဆန် ၃၈ အိတ်၊ ဆီ ၃၇ ပိဿာနှင့် စားသောက်ကုန်ပစ္စည်းများကိုထောက်ပံ့ပေးအပ်ပြီး တိုက်ပွဲရှောင်ပြည်သူများ၏ လိုအပ်ချက်များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


ရှမ်းပြည်နယ်(တောင်ပိုင်း)ရပ်စောက်မြို့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)မှ တိုက်ပွဲရှောင်ပြည်သူ (၁၄၉၁)ဦးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဆန် ၁၀၀ အိတ်၊ ဆီ ၁၀၀ ပိဿာ၊ ရှမ်းတောင်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ဆန် ၈၂ အိတ်၊ ဆီ ၈၂ ပိဿာ၊ ဆား ၃၃ ပိဿာ၊ ကုလားပဲ ၅၁ ပိဿာ၊ ငါးခြောက် ၂၇ ပိဿာ တို့ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)