မက္ကဆီကိုနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေး “ဆိုင်းငံ့”ထားကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ ပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မက္ကဆီကိုနိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေး “ဆိုင်းငံ့”ထားကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ ပြောကြား


မက္ကဆီကိုစီးတီး၊ ဩဂုတ် ၂၈

မက္ကဆီကိုနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Salazar ၏ မကြာသေးမီရက်ပိုင်းက မက္ကဆီကို တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနှင့် စပ်လျဉ်း၍ ပြောကြားချက်များကို တုံ့ပြန်သည့်အနေဖြင့် မက္ကဆီကိုနိုင်ငံဘက်က ၎င်းတို့နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေး “ဆိုင်းငံ့”လိုက်ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ Andres Manuel Lopez Obrador က ဩဂုတ် ၂၇ ရက်၌ မက္ကဆီကိုစီးတီးတွင် ပြောကြားခဲ့သည်။

Salazar သည် မက္ကဆီကိုအစိုးရ တွန်းအားပေးသော တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို မကြာသေးမီက ဝေဖန်ခဲ့ရာ မက္ကဆီကိုဘက်က ၎င်းတို့နိုင်ငံရှိ အမေရိကန်သံရုံးနှင့် ဆက်ဆံရေးကို “ဆိုင်းငံ့”ရန် ဆုံးဖြတ်ခဲ့ကြောင်း Lopez Obrador က အဆိုပါနေ့တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ “မက္ကဆီကို အချုပ်အခြာအာဏာကို လေးစားဖို့ သူတို့ သင်ယူရမယ်၊ ဒါက အသေးအဖွဲကိစ္စ မဟုတ်ဘူး” ၊ တစ်ချိန်တည်းမှာပင် Lopez Obrador က မက္ကဆီကိုသည် အမေရိကန်အစိုးရနှင့် နှစ်နိုင်ငံဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

မက္ကဆီကိုအစိုးရမှ ဖော်ဆောင်သော တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှု ဆောင်ရွက်ချက်များသည် “ဒီမိုကရေစီစနစ်ကို ခြိမ်းခြောက်” ပြီး “မြောက်အမေရိကစီးပွားရေး ပေါင်းစည်းမှုကို ဆုတ်ယုတ်”စေမည်ဖြစ်ကြောင်း ဩဂုတ် ၂၂ ရက် သတင်းစာရှင်းလင်းပွဲတွင် Salazar က ပြောကြားခဲ့သည်။

Salazar ၏ သက်ဆိုင်ရာ ပြောဆိုပြုမူမှုများသည် “ရိုင်းစိုင်း” ပြီး “စိတ်မကောင်းဖွယ်” ဖြစ်ကြောင်း၊ ယင်းမှာ အမေရိကန်၏ အမေရိကတိုက်တွင် ကာလရှည်ကြာ ကျင့်သုံးခဲ့သည့် “စွက်ဖက်ရေးမူဝါဒ” ကို ထင်ဟပ်စေသည်ဟု Lopez က ယင်းနှင့် ပတ်သက်၍ တုံ့ပြန်ခဲ့သည်။

မက္ကဆီကိုနိုင်ငံ ရွေးကောက်ပွဲသည် ဇွန်လ ၂ ရက်က ကျင်းပခဲ့သည်။ Morena ပါတီ ပါဝင်သော မဟာမိတ်အဖွဲ့သည် လွှတ်တော်အသစ်တွင် အမတ်နေရာအများစုရထားပြီး လွှတ်တော်အသစ်တွင် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို အတည်ပြုလုပ်ဆောင်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်း ဩဂုတ် ၇ ရက်တွင် Lopez က ထောက်ပြပြောဆိုခဲ့သည်။ ယခုတစ်ကြိမ် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွင် တရားသူကြီး ရွေးကောက်ပွဲနှင့် ဌာနပြင်ဆင်ဖွဲ့စည်းမှု စသည့် ပြုပြင်ပြောင်းလဲရေး အစီအမံ ၂၀ ပါဝင်ကြောင်း မီဒီယာများက သတင်းထုတ်ပြန်ခဲ့သည်။ အဆိုပါ ပြုပြင်ပြောင်းလဲမှုများသည် အကျင့်ပျက်ခြစားမှုကို တိုက်ဖျက်ရန်နှင့် တရားစီရင်ရေးစနစ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးရာတွင် အထောက်အကူပြုမည်ဟု Lopez က ယူဆထားသော်လည်း တရားစီရင်ရေးဆိုင်ရာ လွတ်လပ်မှုကို ဆုတ်ယုတ်စေနိုင်သည်ဟု ဝေဖန်သူများက ယူဆကြသည်။ 


Ref - Xinhua

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)