ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိ


နေပြည်တော်၊ ဩဂုတ် ၁၅

ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေများအရ စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိကြောင်းနှင့် စုပြုံတန်းစီဝယ်ယူနေသည့် အရောင်းဆိုင်များအပြင် တန်းစီဝယ်ယူမှုနည်းပါးသည့် အခြားအရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် သက်ဆိုင်ရာက တိုက်တွန်းနှိုးဆော်ထားသည်။

ယခုရက်ပိုင်းအတွင်း ပုံမှန်ကာလများထက် ပိုမိုဝယ်ယူမှုကြောင့် နေပြည်တော်၊ ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့တွင် ယာဉ်တန်းစီဝယ်ယူမှုများပြားပြီး ဆီသယ်ယာဉ် မရောက်မီကာလအတွင်း စက်သုံးဆီအမယ် အချို့အချိန်ပိုင်းပြတ်လပ်မှု ဖြစ်ပေါ်လျက်ရှိသဖြင့် ပုံမှန်ဖြန့်ဖြူးပေးမှုအပြင် လိုအပ်သည့်ဆိုင်များကို အရေးပေါ်ထပ်မံတိုးမြှင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိသည်။

ထို့ပြင် ပြည်တွင်းစက်သုံးဆီလက်ကျန်အခြေအနေနှင့် ပြည်ပမှဝင်ရောက်လာမည့် ဆီတင်သင်္ဘောများ၏ အခြေအနေအရ ပြည်သူများအနေဖြင့် စက်သုံးဆီပြတ်လပ်နိုင်မည်ဆိုသည့် စိုးရိမ်ကြောင့်ကြမှုဖြစ်ရန်မလိုကြောင်းနှင့် စက်သုံးဆီပြတ်လပ်နိုင်ခြင်းမရှိနိုင်ကြောင်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီမှ သတင်းထုတ်ပြန်ထားပြီးဖြစ်သည်။

သို့ဖြစ်ပါ၍ Online Media များနှင့် ကောလာဟလသတင်းများကြောင့် စိုးရိမ်ကြောင့်ကြမှုဖြင့် လိုအပ်သည်ထက် ပိုမိုဝယ်ယူခြင်း၊ သိုလှောင်ထားရှိခြင်း၊ တစ်ဆင့်ပြန်လည်ရောင်းချရန် ဝယ်ယူခြင်းတို့ မပြုလုပ်ကြပါရန်၊ လိုအပ်သလောက်သာဝယ်ယူသုံးစွဲကြပါရန်နှင့် အရောင်းဆိုင်အချို့တွင်သာ စုပြုံတန်းစီဝယ်ယူနေခြင်းအစား တန်းစီဝယ်ယူမှုနည်းပါးသည့် ပတ်ဝန်းကျင်ရှိအခြား အရောင်းဆိုင်များသို့လည်း သွားရောက်ဝယ်ယူခြင်းဖြင့် ပြည်သူများအားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် စက်သုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီမှ တိုက်တွန်းနှိုးဆော်ထားပါကြောင်းနှင့် အရောင်းဆိုင်များကိုလည်း စက်သုံးဆီရှိလျက် မရောင်းချခြင်းမျိုးမပြုလုပ်စေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)