မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်း အနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မုံရွာမြို့၌ ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက်ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်း အနားကျင်းပ



မုံရွာ  ၊ သြဂုတ် ၁၆


၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီးပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းတွင် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်း အုပ်ချုပ်သူများ၊နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြကြောင်း သိရသည်။


ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က နိုင်ငံတော်အစိုးရအနေဖြင့် အားကစားကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အဘက်ဘက်မှ အားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိရာ မိမိတို့တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း အားကစားမူဝါဒများ အားအကောင်အထည်ဖော်နိုင်ရန်အတွက် တာဝန်ရှိသူများနှင့်အတူ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြေးခုန်ပစ်အားကစားနည်းသည် မိမိတို့တိုင်းဒေသကြီးအတွက် ဆုတံဆိပ်ပေါင်းများစွာ ဆွတ်ခူးပေးသည့် အားကစားနည်းတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား တံခွန်စိုက်ဒုတိယဆုနှင့် ၂၀၂၃-၂၀၂၄ ခုနှစ်တွင် အမျိုးသားတံခွန်စိုက်ဆုများ ရရှိခဲ့ပါကြောင်း ပြောကြားခဲ့သည်။


မိမိတို့တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်း လက်ရွေးစင်အားကစားသမားများအနေဖြင့် ယခင်နှစ်များမှရရှိခဲ့သည့် အောင်မြင်မှုများအား ဆက်လက်ထိန်းသိမ်းပြီး အနိုင်မခံ အရှုံးမပေးသည့် ဇွဲစိတ်ဓါတ်ဖြင့် တစ်ဦးချင်းနှင့်အသင်းလိုက်ပြိုင်ပွဲများတွင် အောင်မြင်မှုများ ပိုမိုရရှိအောင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။


ယင်းနောက်တိုင်းဒေသကြီးဝန်ကြီးချုပ်က ၂၀၂၄ ခုနှစ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၈) နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းနည်းပြများနှင့် အသင်းအုပ်ချုပ်သူများထံ ဂုဏ်ပြုထောက်ပံ့ငွေ ကျပ်-၁၁၄,၀၀,၀၀၀(တစ်ရာတစ်ဆယ့်လေးသိန်းကျပ်)နှင့် အောင်နိုင်ရေးအလံတို့အား ပေးအပ်သည်။


ဆက်လက်ပြီး တိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအုပ်ချုပ်သူက တိုင်းဒေသကြီး နှင့်ပြည်နယ် အသက်(၁၈)နှစ်အောက် အမျိုးသား/အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် သွားမည့်အခြေအနေများအား ရှင်းလင်းပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးကြသည်။


ထို့နောက်တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တိုင်းဒေသကြီး ပြေး ခုန်ပစ်အသင်း အားကစားသမားများ၊ အသင်းနည်းပြများနှင့် အုပ်ချုပ်သူများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)