(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးခရိုင်အဆင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ မှော်ဘီ၊ မင်္ဂလာဒုံ၊ လှည်းကူးခရိုင်အဆင့်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ




ရန်ကုန် ၊ ဩဂုတ်(၃၁)ရက် 


           ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ၊မင်္ဂလာဒုံနှင့် လှည်းကူးခရိုင်တို့၏(၂၅)ကြိမ်မြောက်ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးခရိုင်အဆင့်ပြိုင်ပွဲဆုချီးမြှင့်ပွဲ အခမ်းအနားကို  ဩဂုတ်လ(၃၁)ရက်နေ့၊ ညနေပိုင်းက မရမ်းကုန်းမြို့နယ်၊ မင်းဓမ္မလမ်းရှိ MCC ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြသည်။ 

         

          ဆုပေးပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး (၂၅)ကြိမ်မြောက်ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာ ယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေးကော်မတီ ဥက္ကဌ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဦးကျော်ကျော်စိုး နှင့်တာဝန်ရှိသူများက ခရိုင်အဆင့် (၂၅)ကြိမ်မြောက် မြန်မာ့ ရိုးရာ ယဉ် ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအောင် မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ပွဲစဉ်အစအဆုံး ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များ အား ဂုဏ်ပြုမှတ် တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများပေးအပ်ခြင်းနှင့် ပြိုင်ပွဲတွင်ဆုအများဆုံးရှိခဲ့သည့် မှော်ဘီမြို့နယ် အား တံခွန်စိုက်ဆုနှင့် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ဆုများရရှိခဲ့ကြသည့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဝင်များကိုလည်းဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသလို ပြိုင်ပွဲတွင်ဆုများရရှိခဲ့ကြသူများက လည်း အဆို၊ အကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်းသိရသည် 


           ခရိုင်အဆင့်ပြိုင်ပွဲသို့မှော်ဘီခရိုင်၊မင်္ဂလာဒုံခရိုင်နှင့်လှည်းကူးခရိုင်တို့မှကိုယ်စားပြုမြို့နယ်များဖြစ်ကြသည့် မှော်ဘီမြို့နယ်၊ထန်းတပင်မြို့နယ်၊လှည်းကူးမြို့ နယ်၊ မင်္ဂလာဒုံမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့ မှဘာသာရပ်(၁၇)မျိုးအတွက်အဆိုပြိုင်ပွဲဝင်(၃၀) ဦး၊ အကပြိုင်ပွဲဝင် (၄)ဦး၊ အရေးပြိုင်ပွဲဝင်(၄)ဦး နှင့်အတီးပြိုင်ပွဲဝင်(၅၁)ဦးစုစုပေါင်း(၈၉)ဦးတို့မှ သက်ဆိုင်ရာဘာသာရပ်ပြိုင်ပွဲ အမျိုးအစားများ အလိုက်ပြိုင်ပွဲများ သို့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်းလည်းသိရသည်။



ဇင်မင်းထိုက်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)