ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများရှိ ယာယီကယ်ဆယ်ရေးစခန်းများနှင့် လူမူပရဟိတအဖွဲများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများရှိ ယာယီကယ်ဆယ်ရေးစခန်းများနှင့် လူမူပရဟိတအဖွဲများအား ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်း





ပဲခူး၊ ဇူလိုင် ၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီဥက္ကဋ္ဌ ဦးရဲမြင့်ထွန်း ဦးဆောင်သော ပါတီအဖွဲများသည် သြဂုတ်လ ၂ ရက်နေ့ နံနက်ပိုင်းမှစတင်၍ ရေဘေးအန္တရာယ်ရင်ဆိုင်နေရသော ပဲခူးမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများရှိ ရေဘေးကယ်ဆယ်ရေးစခန်းများနှင့် လူမူကယ်ဆယ်ရေးဆောင်ရွက်နေသော ပရဟိတအဖွဲများအား ထောက်ပံ့ လှူဒါန်းငွေများအား လိုက်လံ ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

နံနက်ပိုင်းတွင် ရေဘေးသင့်ပြည်သူများအား ကယ်ဆယ်ထောက်ပံ့လှူဒါန်းလျှက်ရှိသော မြန်မာနိုင်ငံအမျိုးသမီးများနှင့် ကလေးသူငယ်များ ဘဝမြှင့်တင်ရေးအသင်း(MWCDF) ပဲခူးတိုင်းဒေသကြီးအသင်းသို့ ထောက်ပံ့အလှူငွေ ငါးသိန်းကျပ်  အားထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ပြီးနောက် ပဲခူးမြို့ ဇိုင်းတောင်ရပ်ကွက်ရှိ ပြည်သူအများအား ယာယီရေဘေးကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားသော  ဖောင်တော်ဦးကျောင်းတိုက်သိုသွားရောက်၍ ကျောင်းထိုင်ဆရာတော်ထံသို အလှူငွေ ဆယ်သိန်းကျပ်အား ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည် ။ 

အဆိုပါရေဘေးကယ်ဆယ်ရေးစခန်းတွင် ယာယီရေဘေးရှောင်ပြည်သူ အိမ်ထောင်စု (၁၉၀)စုမှ ၊ ပြည်သူစုစုပေါင်း ( ၈၉၅)ဦးရေ လာရောက်ခိုလှုလျှက်ရှိသည်။ ပဲခူးမြို့နယ်တွင် ဇူလိုင်လ ၂ဝ ရက်နေ့ခန့်မှစတင်၍ မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းမှု၊ ပဲခူးမြစ်ရေသည် စိုးရိမ်ရေ၏ အမှတ်သို့ကျော်လွန်ရောက်ရှိခဲ့သဖြင့် ဒေသခံပြည်သူများ ရေဘေးဒုက္ခအား ရင်ဆိုင်ကြုံတွေ့နေရလျှက်ရှိသည် ။ 

ပဲခူးတိုင်းဒေသကြီး(အရှေ့)ရှိ ပဲခူးမြို့နယ်၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်၊ သနပ်ပင်မြို့နယ်တို့တွင် ရေဘေးအန္တရာယ်ရင်ဆိုင် ကြုံတွေ့နေရသော ပြည်သူအများအား သက်ဆိုင်မြို့နယ်အသီးသီးရှိ ပြည်ခိုင်ဖြိုးပါတီတာဝန်ရှိသူများမှ ထမင်းထုပ်များ၊ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးပစ္စည်းများ၊ ဖယောင်းတိုင်များအား ထောက်ပံ့ပေးအပ်လှူဒါန်းလျှက်ရှိသည်။ ပြန်လည်ထူထောင်ရေးလုပ်ငန်းများအနေဖြင့် လူမှုပရဟိတအဖွဲများ၊ ရေဘေးသင့်ဘုန်းတော်ကြီးကျောင်းများ၊ ရေဘေးကယ်ဆယ်ရေးစခန်းများ၊ ရေဘေးဒဏ်ခံနေရသော ပါတီဝင်အမာခံများအား ထောက်ပံ့လှူဒါန်း နိုင်ရေးအတွက် စီစဉ်ဆောင်ရွှက်လျှက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)