ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာ ယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါင်မြို့နယ်၌ မြန်မာ့ရိုးရာ ယဥ်‌ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပ




ပေါင်၊  ဩဂုတ် ၇

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ( ၂၅ )ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးမြို့နယ်အဆင့်ပြိုင်ပွဲကို ဩဂုတ်လ ( ၇ )ရက်နေ့နံနက်ပိုင်းက  ( အထက )ပေါင် ရွှေရတု ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးထင်လင်းအောင် က မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အမွေအနှစ်ကိုထိန်းသိမ်း ရာရောက်ပါကြောင်း  ၊အမျိုးဂုဏ်၊ဇာတိဂုဏ် ကိုလည်းထိန်းသိမ်းဖို့အတွက် ယခုလိုပြိုင်ပွဲများကို အခြေခံကျောင်းများတွင် ယှဉ်ပြိုင်ကြရဖို့လိုအပ်ပါကြောင်းအမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းအေး ကအခြေခံပညာကျောင်းများအားလုံး၊ဂီတအနုပညာ ဘာသာရပ်သင်ကြားပြသလျက်ရှိပြီး ယခုပညာသင်နှစ်တွင် မြန်မာ့ရိုးရာ အဆို၊အက၊အရေး၊အတီး ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်လာသူတွေ မြင်ရသည့်အတွက် အခြေခံပညာ ဆရာ၊ဆရာမ တွေ တာဝန်ကျေပွန်မှုကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းရာရောက်ပါကြောင်း အမှာစကားပြောကြားသည်။

ပြိုင်ပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဝါသနာရှင် ကျောင်းသားကျောင်းသူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး  ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဝင်များ၊လုပ်ငန်း ကော်မတီဝင်များ ၊ကျောင်းအုပ် ဆရာကြီး၊ဆရာမကြီးများ၊ဆရာ၊ဆရာမများ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲများတွင် ကျောင်းသားကျောင်းသူ စုစုပေါင်း (  ၁၂၉   ) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘာသာရပ်အလိုက် ကျွမ်းကျင်ပညာရှင်များက ပြည်နယ်အဆင့်ပြိုင်ပွဲများသို့ တက်ရောက်ယှဉ်ပြိုင်နိုင်မည့်သူများကို စိစစ်ရွေးချယ်အကဲဖြတ်ပေးခဲ့ကြကြောင်း သိရသည်။


မွန်မလေး 

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)