ပဲခူးမြို့တွင် ကရင်ရိုးရာဝါခေါင်လလက်ချည်ပွဲ(ခေါ်)ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင် ကရင်ရိုးရာဝါခေါင်လလက်ချည်ပွဲ(ခေါ်)ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်






ပဲခူး ၊  သြဂုတ် ၂၉


ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယနေ့နံနက်ပိုင်းက ကရင်ရိုးရာဝါခေါင်လလက်ချည်ပွဲ(ခေါ်)ချည်ဖြူဖွဲ့မင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်တို့ တက်ရောက်ချီးမြှင့်ပေးခဲ့ကြသည်။


ရှေးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းတို့မှ ကရင်ဖားစည်အား(၉)ချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က အဖွင့်နှုတ်ခွန်းဆက်စကားပြောကြားပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng phang နော်တောင်နှင့် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းတို့က နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားကာ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်း ဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ကရင်တိုင်းရင်းသားဘာသာစာပေသင် ဆရာမတစ်ဦးက ရှင်းလင်းပြောကြားသည်။


ယင်းနောက် သရက်ကုန်း၊ ညောင်အင်း၊ ပျဥ်းမငူကျေးရွာ ကရင်တိုင်းရင်းသား၊ တိုင်းရင်းသူများက ကရင်ရိုးရာဖဲကြိုးကျစ်အကနှင့် ကရင်ရိုးရာအကများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းရင်းသားရေး ရာဝန်ကြီးမှဦးဆောင်၍ ကရင်လူငယ်မောင်မယ်များက ကရင်အမျိုးသားအလံနှင့် လက်ချည်ဖွဲ့မည့်ပစ္စည်းများကို သတ်မှတ်နေရာများသို့ သယ်ဆောင်ကာ ကရင်ရိုးရာချည်ဖြူဖွဲ့ခြင်းစတင်ရန် ဘိုးဘွားများနေရာယူကြသည်။


ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာအကြီးအကဲများအား ချည်ဖြူဖွဲ့ပေးကြပြီး လက်ချည်ပေးသော ကရင်အဖိုးအဖွားများအတွက်​ ထောက်ပံ့ငွေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်မှလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီအတွက် ထောက်ပံ့ငွေအား ပြည်ထောင်စုဝန်ကြီးမှလည်းကောင်း၊ ကရင်ရိုးရာဒုံးယိမ်းအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်မှလည်းကောင်း အသီးသီးပေးအပ်ကြသည်။


ယင်းနောက် ညောင်လေးပင်ခရိုင် ကရင်စာပေနှင့်ယဥ်ကျေးမှုကော်မတီဝင် ဦးစောလင်းအောင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးကာ အခမ်းအနားတက်​ရောက်လာကြသူများအား နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံကျွေးမွေးကြကြောင်း သတင်းရရှိသည်။


သက်ဖြိုးကြိုင်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)