စစ်ကိုင်းမြို့တွင် အမျိုးသမီးများ ဝင်ငွေတိုးရေး စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

စစ်ကိုင်းမြို့တွင် အမျိုးသမီးများ ဝင်ငွေတိုးရေး စက်ချုပ်သင်တန်းဆင်းပွဲ ကျင်းပ

17

18


စစ်ကိုင်း ၊  သြဂုတ် ၁၃


စစ်ကိုင်းခရိုင် အသေးစားစက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ် ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းအတွက် အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်မည့်လုပ်ငန်း အခြေခံစက်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက် (၁၀)နာရီက အဆိုပါရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။


သင်တန်းဆင်းပွဲတွင် စစ်ကိုင်းမြို့နယ် သမဝါယမဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးမြင့်လေးက အမျိုးသမီးများ ဝင်ငွေတိုးရေး ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာ ဌာနအနေဖြင့် အခြေခံ စက်ချုပ်နည်းပညာ သင်တန်းကို တစ်လကြာ ဖွင့်လှစ်ပေးခဲ့ပြီး ဖြစ်တဲ့အတွက် နည်းပညာများ ရရှိကြလိမ့်မည်ဟု ယူဆပါကြောင်း၊ ရရှိခဲ့တဲ့ နည်းပညာတွေကို အသုံးချပြီး လက်တွေ့နယ်ပယ်မှာ ဆက်လက်လေ့လာဆည်းပူးရင်း မိသားစု တစ်ပိုင်တစ်နိုင် လုပ်ငန်းအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လုပ်ကိုင်သွားကြပါ အသေးစား စက်မှု/လက်မှု လုပ်ငန်းများ ထွန်းကားလာစေခြင်းဖြင့် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍကိုလည်း အထောက်အကူဖြစ်စေမှာ ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်အသေးစား စက်မှု/လက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဝေလျံစိုးက သင်တန်းဆင်းလက်မှတ်များကိုလည်းကောင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သန်း သန်းတင်က သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများကို လည်းကောင်း ပေးအပ်ရာ သင်တန်းသူများ က လက်ခံပေးခဲ့ကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြောကြား ခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages