မင်္ဂလာပါ ထမင်းဆိုင်က ဘာသာရေးဆိုင်ရာ စော်ကားမှုဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာတော်သံဃာတော်များထံတွင် တောင်းပန် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်္ဂလာပါ ထမင်းဆိုင်က ဘာသာရေးဆိုင်ရာ စော်ကားမှုဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာတော်သံဃာတော်များထံတွင် တောင်းပန်






နေပြည်တော်၊ သြဂုတ် ၁၀

ရန်ကုန် - နေပြည်တော် အမြန်လမ်း၊ ၇၆ မိုင်ရှိ မင်္ဂလာပါထမင်းဆိုင်တွင် ဘာသာရေးဆိုင်ရာ စော်ကားမှု ဖြစ်ပေါ်ခဲ့ခြင်းနှင့် ပတ်သက်၍ ဆရာတော်ဦးဝီရသူ ၏ သြဝါဒကို ခံယူပြီး နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ အောင်းကုန်းကျေးရွာ၊ ရှေးဟောင်းကျောင်းတော်ကြီးတွင် ယနေ့ နံနက်ပိုင်က တောင်းပန်ပွဲပြုလုပ်ခဲ့သည်။

တောင်းပန်ပွဲ အခမ်းအနားကို နေပြည်တော်၊ မဘသ ဦးဆောင်ဆရာတော်ကြီးများ ကြွရောက်ချီးမြှင့်ခဲ့ပြီး သြဝါဒပေးခြင်းနှင့် တောင်းပန်ခြင်း အစီအစဉ်များ ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။

အခမ်းအနားသို့ နေပြည်တော် မဘသ ဆရာတော်ကြီးများ၊ ရမည်းသင်းနှင့် မန္တလေးမြို့မှ ဆရာတော်များ၊ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်)မှ ဆရာတော် သံဃာတော်များ ကြွရောက်ခဲ့ကြပြီး ဆရာတော်ကြီးများက ကျူးလွန်ခဲ့သည့် အမှားနှင့် ပတ်သက်၍ ရင်ထဲနှလုံးသားထဲက ဝန်ချတောင်းပန်ရန်နှင့် တောင်းပန်မှုအပေါ် ဆရာတော်သံဃာတော်များ၊ အမျိုးသားရေးအဖွဲ့များကလည်း အမျိုး ဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ရေးဟူသော ခေါင်းစဉ်နှင့်အညီ မင်္ဂလာပါထမင်းဆိုင် တာဝန်ရှိသူများအပေါ် အညှိုးအတေးမထားဘဲ မေ့ပျောက် ကျေအေးရန်နှင့် ထမင်းဆိုင်တာဝန်ရှိသူများအနေဖြင့် နောက်နောင် ထိုကဲ့သို့သော ပြဿနာမျိုး မပေါ်ပေါက်အောင် သတိပြုဆောင်ရွက်ကြရန် သြဝါဒစကားမိန့်ကြားသည်။

အခမ်းအနားတွင် ဆရာတော် ဦးဝီရသူ ရေးသားပေးပို့သည့် တောင်းပန်လျှောက်ထားလွှာအတိုင်း မင်္ဂလာပါထမင်းဆိုင် တာဝန်ရှိသူများက ရိုသေစွာ တောင်းပန်လျှောက်ထားတင်ပြပြီး ကြွရောက်ချီးမြှင့်သော ဆရာတော်သံဃာတော်များကို ဆွမ်းကပ်လှူဒါန်းခဲ့ကြသည်။


#MyanmarNationalPost


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)