ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်အောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်အောင်နိုင်ရေး အကြိုညှိနှိုင်းအစည်းအဝေးတက်ရောက်


ပုသိမ်၊ ဩဂုတ် ၃၀

၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအကြိုညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ အစည်းအဝေးခန်းမတွင်ပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆုရအားကစား သမားများတက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၄ခုနှစ်၊ ပဉ္စမအကြိမ်မြောက် အမျိုးသား အားကစားပွဲတော်ကို ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်၍ ကြိုတင်ပြင်ဆင်  ဆောင်ရွက်လျက်ရှိပါကြောင်း၊ အားကစားနည်း (၂၃) မျိုးစလုံး ဝင်ရောက်ယှဉ်ပြိုင်သွားမည့်အပြင် မသန်စွမ်း အားကစားနည်း(၄)မျိုးကိုလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပါကြောင်း၊ မြို့နယ်အလိုက်၊ ခရိုင်အလိုက် အားကစားပြိုင်ပွဲများမှ ရွေးချယ်ရရှိသည့် အားကစားသမားများဖြင့် စခန်းသွင်းလေ့ကျင့် သွားမည်ဖြစ်ပြီး မျိုးဆက်သစ် အားကစားသမားအသစ်များ ပေါ်ထွက်လာစေရေး အတွက်လည်း ရပ်ကွက်၊ ကျေးရွာများ၊ အခြေခံပညာကျောင်းများမှ ရွေးချယ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးနှင့် တိုင်းဒေသကြီးအားကစားနည်း အဆင့်အတန်းများ တိုးတက်မြင့်မားရေးအတွက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးကြရန် လိုပါ‌ကြောင်း”အမှာစကား များ ပြောကြားသည်။

ထို့နောက်  တိုင်းဒေသကြီးဝန်ကြီးချုပ်က (၂၀၂၄-၂၀၂၅) ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး အားကစားပြိုင်ပွဲများတွင် ဆုရရှိသည့် အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ အစည်းအဝေး ဒုတိယပိုင်းပြုလုပ်ရာ အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးများနှင့် အားကစားမှူးများက တစ်ဦးချင်း မိတ်ဆက်ခဲ့ပြီး သက်ဆိုင်ရာ အားကစားနည်းများအလိုက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးအားကစားနှင့်ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက အမျိုးသားအားကစားပွဲတော်အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေး တင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က  လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့ပြီး ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော် အောင်နိုင်ရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

Join - https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)