ရွှေတောင် ၊ သြဂုတ် -၉
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ၊ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမတွင် ယနေ့ နံနက်ပိုင်းကရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၄-ခုနှစ်၊ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေးရက်သတ္တပတ်လုပ်ငန်းများပြုလုပ် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မြို့ပေါ် ရပ်ကွက် (၃)ရပ်ကွက်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ နို့တိုက်မိခင်များအား အာဟာရပစ္စည်းများနှင့်ဗီတာမင်ဆေးဝါးများပေးဝေခြင်း၊အသက် ( ၅) နှစ်အောက် ကလေးများအား သက်တမ်းအလိုက် ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ကျန်းမာရေးအသိပညာပေးခြင်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအောင်မျိုးသန့်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့နှင့်အတူ ပူပေါင်းပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment