ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်‌‌ အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့်‌‌ အခြေခံပညာကျောင်းများသို့ စာအုပ်စာစောင်များ ငှားရမ်း




ကော့မှူး ၊  ဩဂုတ် ၉


ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ ပြည်သူများနှင့်‌ ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်များတွင် စာအုပ်စာစောင်များ ဖတ်ရှုသည့် အ‌လေ့အကျင့်‌ကောင်းများရရှိ‌စေရန် အခြေခံပညာကျောင်းများ ရပ်ကွက်/ကျေးရွာများအရောက် အချိန်မကုန်လူမပင်ပန်းစေဘဲ စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုနိုင်စေရေးအတွက် ဩဂုတ် ၆ ရက် မွန်းလွဲပိုင်းက မူလွန်(လက်ခိုက်)နှင့် အ.ထ.က(နတ်စင်ကုန်း)ကျောင်းများသို့ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်များငှားရမ်း‌ပေးခဲ့ကြောင်း သိရသည်။ 


အဆိုပါ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ပေါ်တွင် ပြည်သူများ၊‌ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများစွာရရှိနိုင်သော သုတ/ရသ၊ မဂ္ဂဇင်း၊ ဝတ္တု၊ ရုပ်ပြစာအုပ် စုစုပေါင်း(၂၀၀၀)ကျော်ပါရှိပြီး ဌာနဆိုင်ရာရုံးများ၊ အ‌ခြေခံပညာ‌ကျောင်းများ၊ ရပ်ကွက်များအရောက် ရက်သတ္တပတ် နှစ်ပတ်လျှင်တစ်ကြိမ် လိုက်လံငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။


ကျော်သူရ (ကော့မှူး)

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)