မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) တက်ရောက်



မော်လမြိုင် ၊ သြဂုတ် ၉


မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၄/ ၂၀၂၄) ကို သြဂုတ်လ ၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စက်သုံးဆီတင်သွင်းခြင်းကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေး၊ သက်သာသောဈေးနှုန်းများဖြင့် စက်သုံးဆီများ ဖြန့်ဖြူး‌ရောင်းချနိုင်ရေးအထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း၊ စက်သုံးဆီမှာယူမှု၊ သိုလှောင်မှု၊ ဖြန့်ဖြူးမှု၊ လက်ကျန်အခြေအနေတို့ကို စိစစ်ကြပ်မတ်ဆောင်ရွက်သွားရန်လိုအပ်ပြီး စက်သုံးဆီပြတ်လပ်မှုမဖြစ်ပေါ်စေရေးတင်သွင်းလာမည့် စက်သုံးဆီများကိုလည်း ထိုက်သင့်သည့် ဈေးနှုန်းများဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံဆီတင်သွင်းကာ သိုလှောင်ဖြန့်ဖြူးခြင်းဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးပေးကြရန်ဖြင့် အမှာစကားပြောကြားခဲ့သည်။


ဆက်လက်၍ ပြည်နယ်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိ ဦးသန်းထွေးမှ မွန်ပြည်နယ်အတွင်းသို့ ပြည်ပ(ပင်လယ်ရေကြောင်း)မှ စက်သုံဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်သွားမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။


ထို့နောက် တက်ရောက်လာသော စက်သုံဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးသည့် ကုမ္ပဏီများမှ တာဝန်ရှိသူများက စက်သုံဆီတင်သွင်းခြင်း လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးဆပ်ကော်မတီဝင်များမှ သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကာ ပြည်နယ်ဝန်ကြီးများ၏ ဖြည့်စွက်ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာအစကားပြောကြားခဲ့သည်။


စည်သူ 

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)