ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စေတနာရှင်ပြည်သူများက အလှူငွေနှင့် စားသောက်ဖွယ်ရာများ လှူဒါန်း



ပုသိမ်၊ ဩဂုတ် ၇

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ စေတနာရှင် အလှူရှင်ပြည်သူများနှင့်ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာများက အလှူငွေများနှင့် စားသောက်ဖွယ်ရာများကို ပေးပို့လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ယမန်နေ့နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့မှလှူဒါန်းပေးပို့မည့် စားသောက်ဖွယ်ရာများကို ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ချက်ပြုတ်ပြင်ဆင်ထုတ်ပိုးနေမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူသွားရောက် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသမီးရေးရာအဖွဲ့ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့များက  စေတနာ၊မေတ္တာအပြည့်ဖြင့် စုပေါင်းချက်ပြုတ် ကြော်လှော်နေမှုများ၊ အကြော်အလှော်များအား အအေးခံခြင်း၊ ထိုအကြော်အလှော်များနှင့် ခရိုင်များမှပေးပို့လှူဒါန်းသည့် စားသောက်ဖွယ်ရာများအား နိုင်ငံတော်ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် ပေးပို့လှူဒါန်းနိုင်ရေး ပြင်ဆင်ဆောင်ရွက်၍ အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့များစသည့် ဌာနဆိုင်ရာများ ကိုယ်တိုင်စိတ်အားထက်သန်စွာဖြင့် အထုတ်ငယ်များ စနစ်တကျထုပ်ပိုးခြင်း၊ ရေလုံဖော့ပုံးများသို့ ထည့်သွင်းခြင်း၊ ထုပ်ပိုးခြင်းနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စားသောက်ဖွယ်ရာများအား တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းခဲ့ပြီး နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ အထွေထွေအုပ်ချပ်ရေးဦးစီးဌာန၊ မီးသတ် ဦးစီးဌာနစသည့် ဌာနဆိုင်ရာများက စားသောက်ဖွယ်ရာများအား ပို့ဆောင်မည့်ကားများ ပေါ်သို့ စနစ်တကျတင်ဆောင်နေမှုများကို ဆက်လက်ကြည့်ရှုအားပေးခဲ့သည်။

နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို စွန့်လွှတ်စွန့်စားလိုစိတ်ထက်သန်စွာဖြင့် စွမ်းစွမ်းတမံ ထမ်းဆောင်နေကြသည့် ရှေ့တန်းရောက် တပ်မတော်သားများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ခရိုင်များမှ ကျပ်သိန်း(၂၇၀)ကျော် တန်ဖိုးရှိ ငါးပိကြော်၊ ငံပြာရည်ကြော်၊ ငါးနီတူခြောက်ကြော်စသည့် စားသောက်ဖွယ်ရာများကို မေတ္တာဖြင့် ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။


လှမင်းထွဋ်

#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)