ဇလွန်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဇလွန်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပ




ဇလွန်  ၊  သြဂုတ် ၁၆


ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် သမဝါယမအသင်းစုလီမိတက်၏ ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ်အတွက် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီတွင် မြို့နယ်သမဝါယမဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


အစည်းအဝေးတွင် အသင်းစုဥက္ကဋ္ဌဦးစောဝင်းကအဖွင့်အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်နိုင်ထွန်းက ကာလလွန်ကြွေးကျန်များ အမြန်ဆုံးပေးဆပ်နိုင်ရေး၊ သမဝါယမစနစ်ဖြင့် ကုန်ထုတ်သမဝါယမအသင်းများ တိုးတက် ဖွံ့ဖြိုးအောင်ဆောင်ရွက်သွားမည့်နည်းလမ်းများ၊ ဆီထွက်သီးနှံ ဆောင်းနေကြာ၊ မြေပဲ၊ နှမ်း လျာထားချက်အတိုင်း စိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်နှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးက သမဝါယမဦးစီးဌာနမှ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။


ယင်းနောက် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် အမှုဆောင်အဖွဲ့၏ အစီရင်ခံစာ၊ စာရင်းစစ်အဖွဲ့၏ အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးရှင်းတမ်းများကို တာဝန်ရှိသူများက ဖတ်ကြား၍ အသင်းဝင် ကိုယ်စားလှယ်များ၏အတည်ပြုချက်ကိုရယူ၍ အစည်းအဝေး အောင်မြင်စွာပြီးမြောက်ခဲ့သည်။


ဝေယံ - ဇလွန်

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)